သတင်းများ

မုဒုံမြို့၌ မြေယာလျော်ကြေးငွေပေးအပ်ခြင်းဆောင်ရွက်
Jul 28,2023
မွန်ပြည်နယ်၊ မော်လမြိုင်မြို့အနီးတွင် နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းအသစ်တစ်ခုနှင့် လေယာဥ်ကွင်းအသစ် တစ်ခုတည်ဆောက်ရေးစီမံကိန်း လုပ်ငန်းများအောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် စီမံကိန်းဧရိယာအတွင်းပါဝင်သော မြေဧရိယာအတွက် လျော်ကြေးငွေပေးအပ်ခြင်းကို ယမန်နေ့က မုဒုံမြို့နယ်ရှိ ရွှေဟင်္သာခန်းမ၌ ဆောင်ရွက်ပေးခဲ့သည်။
ဆိပ်ဖြူမြို့နယ်တွင် ဆီထွက်သီးနှံနေကြာနှင့်ချည်မျှင်ရှည်ဝါမျိုးစေ့များကို ဒေသခံတောင်သူများအား ထောက်ပံ့ပေးအပ်ပွဲကျင်းပ
Jul 28,2023
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဆီထွက်သီးနှံ မိုးနေကြာနှင့်မိုးနှောင်းချည်မျှင်ရှည်ဝါ သီးနှံမျိုးစေ့များ ဒေသခံတောင်သူများအား ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ငွေသဲဖြူခန်းမ၌ ကျင်းပပြုလုပ်သည်။
မိုးကောင်းမြို့ ဖြူစင်မေတ္တာသွေးကမ္ဘာ လူမှုရေးအသင်း၏ ၃နှစ်ပြည့်နှစ်ပတ်လည် သွေးလှူရှင်များ ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ
Jul 28,2023
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ ဖြူစင်မေတ္တာသွေးကမ္ဘာ လူမှုရေးအသင်း၏ ၃ နှစ်ပြည့်နှစ်ပတ်လည် သွေးလှူရှင်များဂုဏ်ပြုပွဲအခမ်းအနားကို ဒေဝကျောင်းတိုက်၌ ဇူလိုင်(၂၇)ရက် နံနက်(၁၀)နာရီတွင် ကျင်းပခဲ့သည်။
ကလောမြို့နယ်၊ ဘော်နင်းစံပြကျေးရွာ၌ ဆိုင်ကယ်ပြုပြင်သင်တန်း ဖွင့်လှစ်
Jul 28,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဘော်နင်းစံပြကျေးရွာတွင် ရှမ်းပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း ခေတ်မီစံပြကျေးရွာရှိ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားရေးလုပ်ငန်း မော်တော်ဆိုင်ကယ်ပြင်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွှဲ ၂ နာရီက ဘော်နင်းစံပြကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့သည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ကာကွယ်ဆေးအကြိမ်ပြည့်မထိုးနှံရ‌သေးသည့်     ကလေးငယ်များအား  Mobile စနစ်ဖြင့် ကာကွယ်ဆေးထိုးနှံပေးခြင်း ဆောင်ရွက်
Jul 28,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာဦးစီးဌာနမှ မြို့နယ်အတွင်းရှိ  အသက်တစ်နှစ်မှ အသက်ငါးနှစ်အောက် ကလေးငယ်များတွင် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးအကြိမ်ပြည့် မထိုးနှံရသေးသည့် ကလေးငယ်များ၊ ကာကွယ်ဆေးတစ်ကြိမ်တစ်ခါမျှ မထိုးနှံရသေးသည့် ကလေးငယ်များနှင့်  ကျန်းမာ‌ရေးစောင့်ရှောက်မှုလုပ်ငန်းများအား  ယနေ့နံနက် ၉ နာရီ အချိန်မှစတင်၍ (၂၉)ရပ်ကွက်၊ မောင်းမကန်လမ်းနှင့် ဆလုံဒူးဝါးလမ်းတွင် Mobile စနစ်ဖြင့်  မြို့နယ်ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာနမှ ဝန်ထမ်းများကကွင်းဆင်းဆောင် ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပျဉ်းမနားမြို့နယ်အတွင်းရှိ တောင်သူများအတွက် သွင်းအားစုလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန် ၂၀၂၃ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေကျပ် ၁၀၇၈ သိန်း ထုတ်ချေးပေး
Jul 28,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေကြသည့် တောင်သူများအတွက် သွင်းအားစုလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၃ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို သတ်မှတ်အုပ်စုများအလိုက် ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
တိုက်ကြီးမြို့နယ်တွင် မိုးသက်လေပြင်းများတိုက်ခတ်မှုကြောင့် သစ်ပင်များလဲပြိုမှုဖြစ်ပွား      
Jul 28,2023
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်း ယမန်နေ့ မွန်းလွဲပိုင်းက မိုးသက်လေပြင်းများ  တိုက်ခတ်မှုကြောင့် သစ်ပင်များလဲပြိုမှု ဖြစ်ပွားကြောင်းသိရသည်။
သထုံမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၌ ဝါဆိုသင်္ကန်းများ လိုက်လံဆက်ကပ်လှူဒါန်း
Jul 28,2023
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း ဝါဆိုဝါကပ်တော်မူကြမည့် သံဃာတော်များ စိတ်အေးချမ်းသာစွာ သီတင်းသုံးနေထိုင်ရေးအတွက် ဝါဆိုသင်္ကန်းများဆက်ကပ်လှူဒါန်းခြင်းနှင့် ကျောင်းတိုက်ဝန်းကျင် စုပေါင်းသန့်ရှင်းခြင်းလုပ်ငန်းများကို ယနေ့နံနက်က  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့်  ကျောက်တိုက်အသီးသီးတို့၌ လိုက်လံဆောင်ရွက်ခဲ့ကြသည်။