ဖျာပုံ မတ် ၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့၌ ခရိုင်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့်ခရိုင်အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းဆွေးနွေးခြင်းကို ယမန်နေ့ နေ့လယ်ပိုင်း အချိန်က ဖျာပုံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ ခရိုင်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီနှင့် ခရိုင်အမျိုးသမီးကော်မတီ လုပ်ငန်း ညှိနှိုင်းဆွေးနွေးရာတွင် ဖျာပုံခရိုင်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့် ခရိုင်အမျိုးသမီးကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်လင်းက အဖွင့်အမှာစကား ပြောကြားပြီး၊ ဖျာပုံခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့် ခရိုင်အမျိုးသမီးကော်မတီ အတွင်းရေးမှူးခရိုင်လူမှုဝန်ထမ်း ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ထွေးကြည်က ခရိုင်အတွင်း ကလေးသူငယ်အခွင့်အရေးများ၊ အမျိုးသမီးများဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးနေမှူများနှင့် ပတ်သက်၍ အသေးစိတ် Projector ဖြင့် ရှင်းလင်းဆွေးနွေးပြောကြားသည်။ ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော ကော်မတီဝင်များက ကဏ္ဍတစ်ခုချင်းအလိုက် အသီးသီး ဖြည့်စွက်ဆွေးနွေးကြပြီး၊ ဖျာပုံခရိုင်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီနှင့်ခရိုင် အမျိုးသမီးကော်မတီ ဥက္ကဋ္ဌက ဖြည့်စွက် ဆွေးနွေးပြောကြား ခဲ့ကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)