ချီဖွေ မတ် ၈
၂၀၂၄ ခုနှစ်၊ မတ်လ (၁၁) ရက်နေ့မှ (၁၉) ရက်နေ့အထိ တက္ကသိုလ်ဝင်စာမေးပွဲကြီးကို ကျင်းပပြုလုပ်မည်ဖြစ်ရာ ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့နယ်အတွင်းရှိ ကျောင်းသား/သူ (၄၂) ဦး ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ချီဖွေမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို အခြေခံပညာအထက်တန်းကျောင်း(ချီဖွေ) စာစစ်ဌာနတွင် အ.ထ.က(ချီဖွေ)မှ ကျောင်းသား၊ ကျောင်းသူ (၁၀) ဦးနှင့် အ.ထ.က(နိုဇွန်ဘော်) မှ ကျောင်းသား၊ ကျောင်းသူ(၃၀)ဦး ကျောင်းသား (၂၁)၊ ကျောင်းသူ(၂၁)ဦး စုစုပေါင်း (၄၂) ဦးတို့ က ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အဆင်ပြေအေးချမ်းစွာ ဖြေဆိုနိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့နှင့်ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများကပေါင်းစပ် ညှိနှိုင်း၍ ဆောင်ရွက်ထားရှိကြောင်း သိရသည်။
မြို့နယ်၊ပြန်/ဆက်