ရန်ကင်းမြို့နယ်ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(ရန်ကင်း)၌ကျန်းမာရေးအသိပညာပေး ဟောပြော

ရန်ကင်း မတ် ၈

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ် အမှတ် (၁၃) ရပ်ကွက် ကျွမ်းကျင်မှု လေ့ကျင့်ရေး သင်တန်းကျောင်း(ရန်ကင်း)၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးအသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် (၉) နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် ရန်ကင်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သီသီလတ်က ကျွမ်းကျင်မှု လေ့ကျင့်ရေး သင်တန်းကျောင်းမှ သင်တန်းသားများအား တစ်ကိုယ်ရည်သန့်ရှင်းရေး ၊ Healthy Lifestyle၊ မူးယစ်ဆေးအန္တရာယ်နှင့် ကူးစက်/မကူးစက်ရောဂါများအကြောင်းကို ကျန်းမာ ရေးအသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

လှလှထွေး(ပြန်/ဆက်)