ချီဖွေမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲပြုလုပ်

ချီဖွေ မတ်

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မန်နေ့ မွန်းလွဲ (၁)နာရီက လူငယ်လူရွယ်များ စာပေဗဟုသုတကြွယ်ဝပြီး ဘဝရည်မှန်း ချက်ပန်းတိုင် များ ကောင်းမွန်စွာလျှောက်လှမ်းနိုင်စေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေး ဟောပြော ပွဲ ပြုလုပ်ခဲ့သည်။

အဆိုပါ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဂွါဇာလေးက ယနေ့လူငယ် နောင်ဝယ်လူကြီးဖြစ်လာမည့် အနာဂတ်မျိုးဆက်သစ်များအနေဖြင့် အသိဉာဏ်ပညာကိုဖြစ်စေမည့် စာအုပ်စာပေ၊ လောက ဗဟုသုတများကို လေ့လာသင်ယူကြစေလိုကြောင်း၊ လူငယ်များအတွက် ပညာရေးသည် အဓိက ရည်းမှန်းချက်ဖြစ်ပါကြောင်း၊ လောကနီတိမှာ လူတစ်ယောက်၏ ဘဝကို (၃)ပိုင်းခွဲခြားထားပြီး ပထမအရွယ်မှာ ပညာရှာ၊ ဒုတိယအရွယ်မှာ ဥစ္စာရှာ၊ တတိယအရွယ်မှာ တရားဘာဝနာရှာဆိုပြီး ညွန်းထားကြောင့် ပထမအရွယ်ဖြစ်သည့် သားတို့သမီးတို့အနေဖြင့် ပညာကို ကြိုးစားသင်ယူ စေချင်ပါကြောင်းနှင့် မိမိရည်မှန်းထားသော ဘဝများပိုင်ဆိုင်ရန်အတွက် ကျောင်းစာကို သင်ယူ နေကြပြီး ပြင်ပဗဟုသုတများကို လေ့လာစေချင်ပါကြောင်း အသိပညာပေး ဟောပြောခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆပ်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်လူရွယ်များ အသိဉာဏ် ပညာ ဗဟုသုတရရှိစေရန်နှင့် ပြင်ပဗဟုသုတရရှိစေရန် ရည်ရွယ်၍ နွေရာသီကျောင်းပိတ် ကာလအတွင်း တရုတ်စကားပြောသင်တန်းကို (၈.၃.၂၀၂၄) မှ (၈.၄.၂၀၂၄) ရက်နေ့ထိ အခမဲ့ဖွင့်လှစ် သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)