လှိုင်းဘွဲ မတ် ၁၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန၏ တည်ထောင်ခွင့်ပြုမိန့်ရ စိန်ဖရန်စစ်ဇေးဗီးယား ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းမှ မူကြိုကလေးငယ်များအား မူကြိုကျောင်းဆင်း လက်မှတ်ပေးအပ်ခြင်းနှင့်ပညာရည်ချွန်ဆု ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က အဆိုပါမူကြို ကျောင်း၌ ဆောင်ရွက်ခဲ့သည်။
အခမ်းအနားတွင် မူကြိုကျောင်း ကျောင်းကော်မတီဥက္ကဋ္ဌ ဦးလှခိုင်ကအဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကျောင်းကော်မတီ ဥက္ကဋ္ဌ ဦးလှခိုင်၊ မူကြိုကျောင်း တာဝန်ခံဆရာမကြီး ဒေါ်ယုစေးနှင့် တာဝန်ရှိသူတို့က စိန်ဖရန်စစ်ဇေးဗီးယားမူကြိုကျောင်းမှ ကလေးငယ်များအား မူကြိုကျောင်းဆင်း လက်မှတ်ပေးအပ်ခြင်း၊ ပညာရည်ချွန်ဆု ပေးအပ်ချီးမြှင့်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ ထို့နောက် မူကြိုကလေးမိဘတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ပြီး စိန်ဖရန်စစ်ဇေးဗီးယားမူကြိုကျောင်းမှ ကလေးငယ်များက တေးသီချင်းများ သီးဆိုခြင်၊ သရုပ်ဖော်အကများကပြဖျော်ဖြေပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
စောဒိ(ပြန်/ဆက်)