သတင်းများ

ကျောက်တံတားမြို့နယ် အခြေခံပညာကျောင်းများတွင် ကျောင်းကျန်းမာရေးစစ်ဆေး
Jul 29,2023
ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး အတွက်ရည်ရွယ်၍ ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဌာနတို့ ပူးပေါင်းမှုဖြင့် ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ် အမှတ်(၆)အခြေခံပညာမူလတန်းကျောင်းတွင် ကျောင်းသား/ ကျောင်းသူ များအား ကျောင်းကျန်းမာရေးစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်၊၊
ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း ခရိုင်အလိုက် ဒေသထွက်ကုန်ကြမ်းများအပေါ် One Region One Product အဖြစ် ရွေးချယ်သတ်မှတ်နိုင်ရေး လုပ်ငန်းညှိနှိုင်းစည်းဝေး
Jul 29,2023
ကချင်ပြည်နယ်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား(MSME)လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ဒေသအရင်းအမြစ်ထွက် ကုန်ကြမ်းများဖြင့် One Region One Product အောင်မြင်စွာ ထုတ်လုပ်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီအဖွဲ့ဝင်များ၊ ဆက်စပ်ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၃-ခုနှစ်၊ မိုးရာသီစိုက်ပျိုးရန် လျာထားသည့်သစ်ပင်များ စိုက်ပျိုးပြီးစီးရေး ညှိနှိုင်းအစည်းအဝေးတက်ရောက်
Jul 29,2023
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၃-ခုနှစ်၊ မိုးရာသီစိုက်ပျိုးရန် လျာထားသည့်သစ်ပင်များ စိုက်ပျိုးပြီးစီးရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီး သစ်တောဦးစီးဌာနရုံးဝန်းအတွင်းရှိ ပိတောက်ခန်းမတွင်ကျင်းပရာ အစည်းအ‌ဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီ ၂/၂၀၂၃ အစည်းအဝေးတက်ရောက်
Jul 29,2023
နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီ ၂/၂၀၂၃ အစည်းအဝေးကို ယနေ့မွန်းလွဲ(၁) နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားတက္ကသိုလ်၌ ကျင်းပပြုလုပ်သည့် လူငယ်စကားဝိုင်း ဆွေးနွေးပွဲသို့ တက်ရောက်အားပေး
Jul 29,2023
ကချင်ပြည်နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြစ်ကြီးနားတက္ကသိုလ်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ကချင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်းတို့ ပူးပေါင်းစီစဉ်ကျင်းပသည့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီက မြစ်ကြီးနားတက္ကသိုလ် ခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြောကြားသည်။
သထုံမြို့နယ်တွင် မွေးမြူရေးနှင့်အထွေထွေစီးပွားရေး သမဝါယမအသင်းသားများထံ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေများ ထုတ်ချေးပေး
Jul 29,2023
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မြို့နယ်အဆင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကြီးကြပ်မှုကော်မတီမှ မြို့နယ်အတွင်းရှိ မွေးမြူရေးနှင့်အထွေထွေစီးပွားရေး သမဝါယမအသင်းသားများထံ မတည်ထောက်ပံ့ငွေ (လုပ်ငန်းချေးငွေ)များ ထုတ်ပေးခြင်း အခမ်းအနားကို ယမန်နေ့ နေ့လယ် ၁၂ နာရီအချိန်ခန့်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာစီးပွားရေးတက္ကသိုလ်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းတက်ရောက်
Jul 29,2023
လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် မုံရွာစီးပွားရေးတက္ကသိုလ်နှင့် တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယမန်နေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းရှိ ဘွဲ့နှင်းသဘင်ခန်းမတွင်ကျင်းပရာအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မုံရွာစီးပွားရေး တက္ကသိုလ် ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခ ချုပ်၊ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် မိုးစပါးတစ်ဧကလျှင် (၁၀)တင်းနှုန်း ပိုမိုထွက်ရှိရေးအတွက် တောင်သူများအား လိုအပ်သော သွင်းအားစုပေးအပ်ပွဲကျင်းပ
Jul 29,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် မေရီလန်းကျေးရွာအုပ်စု တောင်သူအသိပညာပေးစခန်း၌  ၂၀၂၃-၂၀၂၄ မိုးရာသီတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့်  မိုးစပါးတစ်ဧကလျှင် (၁၀)တင်းနှုန်း ပိုမိုထွက်ရှိရေးအတွက် တောင်သူများအား သွင်းအားစု(ယူရီးယားမြေသြဇာ၊ ကွန်ပေါင်းမြေသြဇာနှင့်သဘာဝမြေသြဇာ) ပေးအပ်ပွဲ အခမ်း အနားကို ယမန်နေ့နံနက် ၁၁ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။