သတင်းများ

ဆင်ပေါင်ဝဲမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို
Mar 11,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် အထက (ဆင်ပေါင်ဝဲ) စာစစ်ဌာန တွင် ၂၀၂၄-ခုနှစ်၊ တက္ကသိုလ်ဝင်စာ‌မေးပွဲ အေးချမ်းစွာ စတင်ဖြေဆိုလျက်ရှိရာ ဆင်ပေါင်ဝဲ မြို့နယ် အ-ထ-က (ဆင်ပေါင်ဝဲ) စာစစ်ဌာန၊ အ-ထ-က (ချောင်းကောက်) စာစစ်ဌာနနှင့် အ-ထ-က (လက်ပန်) စာစစ်ဌာနသုံးခု၌ တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက်ပိုင်းက အေးချမ်းစွာ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ကွန်ဟိန်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို
Mar 11,2024
မြန်မာတစ်နိုင်ငံလုံး၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ ရက် နံနက် ၉ နာရီမှ စ၍ တစ်ပြိုင်တည်း စတင်ဖြေဆိုလျက်ရှိကြရာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်တွင် ဖွင့်လှစ်ထားရှိသည့် စာစစ်ဌာန၌ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူ ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ လာရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အစိုးရ စက်မှု/လက်မှု သိပ္ပံ(မိုးညှင်း)ကျောင်း၌ ဆဋ္ဌမအကြိမ်မြောက် (A.G.T.I) ဒီပလိုမာအပ်နှင်းပွဲ ကျင်းပ
Mar 11,2024
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့ အစိုးရစက်မှု/လက်မှု သိပ္ပံ(မိုးညှင်း)ကျောင်းတွင် ကျောင်းသား/ကျောင်းသူများ ဆဋ္ဌမအကြိမ်မြောက် (A.G.T.I) ဒီပလိုမာအပ်နှင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီက အဆိုပါကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
ကံမမြို့နယ်၌ ၂၀၂၄-ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စတင်ဖြေဆိုရာ ကျောင်းသားကျောင်းသူဖြေဆိုမှု (၉၄.၇၀) ရာခိုင်နှုန်း ဝင်ရောက်ဖြေဆို
Mar 11,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ၂၀၂၄-ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအား အခြေခံပညာအထက်တန်းကျောင်း (ကံမ) စာစစ်ဌာန၌ ယနေ့နံနက် (၉) နာရီက ကျောင်းသား ကျောင်းသူ(၂၈၆) ဦးတို့သည် မြန်မာစာဘာသာရပ်အား အေးချမ်းစွာ စတင်ဖြေဆိုလျက်ရှိသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်  Grade-12 တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျောင်းသား၊ ကျောင်းသူများ စတင်ဖြေဆို
Mar 11,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-12 တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယနေ့နံနက် (၉)နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(၁)စာစစ်ဌာနနှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(၂) စာစစ်ဌာနတွင်  မြန်မာစာဘာသာရပ်ကို အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
မြစ်သားမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဝင်ရောက်ဖြေဆို          
Mar 11,2024
မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ စာစစ်ဌာန(၃)ခုတွင် ၂၀၂၃-၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၏ မြန်မာစာ ဘာသာရပ်ကို  ယနေ့နံနက် ၉ နာရီမှ စတင်၍ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။
ကလေးမြို့နယ် စုပေါင်းရုံးတွင် ကလေးငယ်များကို ကာကွယ်ဆေးများ ထိုးနှံပေး
Mar 11,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၌ အသက်နှစ်လအရွယ်မှ တစ်နှစ်ခွဲအရွယ်အထိ ကလေးငယ်များအား ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းများကို မြို့နယ်စုပေါင်းရုံးတွင် နံနက်(၉)နာရီမှစတင်၍ ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ သိရသည်။
သထုံတွင် တက္ကသိုလ်ဝင်စာမေးပွဲ ပထမရက် ကျောင်းသား၊ ကျောင်းသူများ လာရောက်ဖြေဆို
Mar 11,2024
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ယနေ့စတင်ကျင်းပပြုလုပ်နေသည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့၊ မြန်မာစာကို မြို့နယ်အတွင်းရှိ စာစစ်ဌာနတို့၌ ကျောင်းသားကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ဖြေဆိုခဲ့ကြကြောင်း သိရသည်။