ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန၌ နွေရာသီကျောင်းပိတ်ရက် အခြေခံကိုရီးယားဘာသာစကား (အခမဲ့) သင်တန်း ဖွင့်လှစ်

ရန်ကုန် မတ် ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန် ရည်ရွယ်၍ အခြေခံ ကိုရီးယားဘာသာစကား (အခမဲ့) သင်တန်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre တွင် ဖွင့်လှစ်သည်။

အဆိုပါ သင်တန်းဖွင့်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန် မြောက်ပိုင်းခရိုင် (အင်းစိန်)၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းက အဖွင့်အမှာစကား ပြောကြားပြီး၊ သင်တန်းနည်းပြဆရာ ဦးဇွဲမာန်ခက သင်တန်းတွင် ပို့ချမည့် ဘာသာရပ်များအား ရှင်းလင်း ပြောကြားပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန် မြောက်ပိုင်းခရိုင် (အင်းစိန်)၊ ဦးစီးအရာရှိ ဒေါ်ခင်နှင်းကြည်က ကျေးဇူးတင်စကားပြောကြားသည်။

အဆိုပါသင်တန်းကို မတ်လ (၉) ရက်နေ့မှ ဧပြီလ (၂၆) ရက်နေ့အထိ အပတ်စဉ် စနေ၊တနင်္ဂနွေ မွန်းလွဲ ၂ နာရီမှ ၄နာရီခွဲအချိန်အထိ သင်တန်းသား၊ သင်တန်းသူ (၂၀) ဦးဖြင့် သင်တန်းနည်းပြ ဆရာ ဦးဇွဲမာန်ခက ဘာသာရပ်များအလိုက် စာတွေ့၊ လက်တွေ့ သင်တန်းပို့ချသွားမည်ဖြစ်သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်) ရုံးအနေဖြင့် နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာ၊ အတတ်ပညာများ ရရှိ‌စေရန်အတွက် သင်တန်းများ အခမဲ့ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)