ရခိုင်ပြည်နယ် မောင်တောမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့် ဌာနဆိုင်ရာ တာ၀န်ရှိသူ များသည် ဇူလကျေးရွာတွင် မိုးစပါးပျိုးခင်းအား ဓာတ်မြေဩဇာကြဲပက်နေမှုနှင့် မြေပြုပြင် ထွန်ယက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေး

မောင်တော ဩဂုတ် ၂

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့် ဌာနဆိုင်ရာ တာ၀န်ရှိသူများသည် ဇူလကျေးရွာတွင် မိုးစပါးပျိုးခင်းအား ဓာတ်မြေဩဇာကြဲပက်နေမှုနှင့် မြေပြုပြင် ထွန်ယက်နေမှုများအား ယမန်နေ့ညနေပိုင်းက မြေပြင်ကွင်းဆင်း လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနေဦးသည် ခရိုင်အဆင့် စိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြှင့်မားရေး ကြီးကြပ်မှုကော်မတီဝင်များနှင့်အတူ  မြို့ဦးကျေးရွာအုပ်စု၊ ဇူလ ကျေးရွာတွင် ကွင်းအမှတ် (၁၀၁/ဃ) ရှိ တောင်သူ ၁၁ ဦး၏ ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါး ဆင်းသွယ်လတ် မျိုးစပါး မျိုးစေ့ထုတ် စိုက်ဧက ၂၀ တွင် မျိုးစပါးများ ပျိုးထောင်ထားရှိမှုအား ဓါတ်မြေဩဇာများ ကြဲပက်ခြင်းနှင့် မြေပြုပြင်ထွန်ယက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုအားပေးပြီး ခရိုင်/မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက  မိုးစပါးများ ပျိုးထောင်ထားရှိမှုနှင့် မြေပြုပြင် ထွန်ယက်နေမှု အခြေအနေများကို လိုက်လံ ရှင်းလင်းပြသခဲ့ကြကာ  တောင်သူများအနေဖြင့် စိုက်ပျိုးသည့် မိုးစပါးများအား အောင်မြင်ဖြစ်ထွန်းပြီး အထွက်တိုးအောင် ဆောင်ရွက်ကြစေရန် လိုကြောင်း လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

သက်လွင်စိုး၊အောင်ကျော်စိန်