သတင်းများ

ညောင်လေးပင်မြို့နယ်တွင် အသက် ၂ လမှ ၁ နှစ်ခွဲအထိ ကလေးငယ်များအား  ပုံမှန်ကာကွယ်ဆေးထိုးခြင်းများ ဆောင်ရွက်
Aug 04,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့မှ မြို့နယ်အတွင်းရှိ အသက် ၂ လမှ ၁ နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့ရုံးတွင် ဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲများအနက် လုပ်ငန်းစွမ်းဆောင်ရည်ဆု ရရှိခဲ့သော ကချင်ပြည်နယ်အတွင်းမှ ဘဏ်ခွဲများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲ တွင် ဆုတံဆိပ်များရရှိသော အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်
Aug 04,2023
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍအလိုက် ထူးချွန်စွာ ကြိုးပမ်းဆောင်ရွက်လျက်ရှိသော ဌာနဆိုင်ရာများ၊ လူပုဂ္ဂိုလ်အဖွဲ့အစည်းများနှင့် အားကစားသမား များအား ဂုဏ်ပြုချီးမြှင့်ပေးလျက်ရှိရာ သြဂုတ် ၄ ရက် နံနက် ၉ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်း အတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌  မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲများအနက် လုပ်ငန်းစွမ်း ဆောင်ရည်ဆုရရှိခဲ့သူများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲတွင် ဆုများရရှိခဲ့သော ပြည်နယ်လက်ရွေးစင်အသင်းတို့အား ဂုဏ်ပြုချီးမြှင့်ခဲ့ကြသည်။
ဥတ္တရသီရိမြို့နယ်၌ စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေးဆွေးနွေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်မှု သရုပ်ပြပွဲ ကျင်းပ
Aug 04,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် Nay Pyi Taw International Science Academy ကျောင်းတွင် (School Base Fire Safety Program) စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေးဆွေးနွေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်မှုသရုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါကျောင်းဝန်းအတွင်း၌ ကျင်းပခဲ့ရာ ဥတ္တရသီရိမြို့နယ် မီးသတ်ဦးစီးမှူးရုံး ဦးစီးအရာရှိ ဦးစိုးသက်နောင်မှ ကျောင်းသား၊ ကျောင်းသူများအား မီးဘေးလုံခြုံရေး အသိပညာပေး ဆွေးနွေးခဲ့သည်။
ကံမမြို့နယ်တွင် စိုက်ပျိုးထုတ်လုပ်မှု အဆင်ပြေချောမွေ့စေရန်အတွက် တောင်သူများအား မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများထုတ်ပေး
Aug 04,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် တောင်သူလယ်သမားများ   စိုက်ပျိုးထုတ်လုပ်မှု အဆင်ပြေချောမွေ့စေရန်အတွက်  မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ  ၂၀၂၃ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို   မြို့နယ်အတွင်းရှိ  ကျေးရွာအုပ်စု(၅၂) အုပ်စုမှ ဘဏ်အဖွဲ့ဝင် တောင်သူများအား   ထုတ်ချေးပေးလျက်ရှိရာ  ယနေ့နံနက်(၁၀)နာရီက   သံပုရာကျေးရွာအုပ်စုမှ  တောင်သူ (၁၃၂၈)ဦးတို့၏   မိုးစပါးစိုက်ဧက(၂၈၆)ဧကနှင့် နှမ်းသီးနှံ(၁၃)ဧကတို့အတွက်  မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို   ထုတ်ပေးလျက်ရှိပြီး ယနေ့အထိ    ကျေးရွာအုပ်စု (၂၂) အုပ်စု ထုတ်ချေးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း မိုးရာသီမကုန်မီ Robusta ကော်ဖီ(၂၃၇)ဧကနှင့် ကိုကိုးသီးနှံဧက(၇၀၀)စတင်စိုက်ပျိုးမည်ဖြစ်
Aug 04,2023
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။
ကျိုက်မရော ရေတွင်းကုန်းအ.ထ.ကခွဲ၌ လူငယ်စကားဝိုင်း ကျင်းပ
Aug 04,2023
ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယ ပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီ က အ.ထ.က.ခွဲ ရေတွင်းကုန်းကျောင်းခန်းမ၌ ကျင်းပသည်။
မိုင်းယုမြို့၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး ဌာနဆိုင်ရာများ ကွင်းဆင်းဆောင်ရွက်
Aug 04,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့တို့ဖြင့် နေ့စဉ်ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့မရပ်ကွက်အတွင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
သာယာဝတီမြို့နယ်တွင် “စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့်အတွေးအမြင်စာစုများ”စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်
Aug 04,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့တို့ ပူးပေါင်းကာ စာရေးဆရာမ ခင်စောတင့်ရေးသားသည့် “စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့်အတွေးအမြင်စာစုများ ”စာအုပ်ဖြင့် အပြန်အလှန်ဆွေးနွေးခြင်း စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၁ နာရီက လူထုအခြေပြုဗဟိုဌာန (Cmmunity Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။