ဘိုကလေး ဩဂုတ် ၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ သဇင်ငူကျေးရွာအုပ်စု၊ အုန်းပင်စုကျေးရွာတွင် ယနေ့ ညနေ(၄)နာရီ အချိန်ခန့်၌ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်း တိုက်ခတ်မှုကြောင့် သစ်ပင်ပြိုလဲကာ ပိုင်ရှင် ဦးကျော်သူ၏ အလျား(၁၅)ပေ၊ အနံ(၁၅)ပေ၊ အမြင့်(၁၃)ပေ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်းနေအိမ် ပြိုကျပျက်စီးခဲ့ကြောင်းနှင့် ပျက်စီးနေအိမ်မှ မိသားစုဝင်များအား ကျေးရွာတာဝန်ရှိသူများမှ နီးစပ်ရာဆွေမျိုးများ ထံတွင် ခေတ္တ နေထိုင် ရန် စီစဉ်ဆောင်ရွက်ထားရှိပေးခဲ့ကြောင်း သိရသည်။
ထို့အပြင် ယမန်နေ့ နံနက်(၉)နာရီအချိန်တွင်လည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဘိုကလေးမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ အမှတ်(၁) အခြေခံ ပညာ အလယ်တန်းကျောင်း၊ မူလတန်း စာသင်ဆောင်ဘေး ခြံစည်းရိုးအုတ်တံတိုင်းဟောင်းသည် အလျား(၅၀)ပေခန့် ပြိုလဲပျက်စီးခဲ့ကြောင်းနှင့် အဆိုပါ ဖြစ်စဉ်များကြောင့် လူနှင့် တိရိစ္ဆာန်တစ်စုံတစ်ရာ ထိခိုက်ပျက်စီးမှုမရှိပါကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)