ပင်းတယ ဩဂုတ် ၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သော သီးနှံအခြေခံ ယို၊ ဖျော်ရည်အမျိုးမျိုးနှင့် သီးနှံခြောက်တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲအခမ်းအနားကို ဇူလိုင် လ ၁ ရက်နေ့ မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ အဆင့်ရုံး(ပင်းတယ)၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဒေသအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ဒေသဦးစီးမှူး ဒေါ်အေးအေးသန့်က သင်တန်း ဆင်းအမှာစကားပြောကြားပြီး သင်တန်းသား/သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ရာ သင်တန်းသား/သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးက လက်ခံရယူခဲ့သည်။ ထို့နောက် သင်တန်းတွင် ထူချွန်သူများအား ဒေသဦးစီးမှူးဒေါ်အေးအေးသန့်နှင့် တာဝန်ရှိသူများက ဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး သင်တန်းသား/သင်တန်းသူများကိုယ်စား သင်တန်းသား တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းကို ဒေသအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကျွမ်းကျင်သော နည်းပြဆရာမ များဖြင့် ဇူလိုင်လ ၂၆ ရက်နေ့မှ ဩဂုတ်လ ၁ ရက်နေ့အထိ သင်ခန်းစာ ဘာသာရပ် ၂၅ မျိုးအား စာတွေ့လက်တွေ့သင်ကြားပေးခဲ့ပြီး သင်တန်းသို့ သင်တန်းသား/သင်တန်းသူ (၂၀) ဦးတက်ရောက် သင်ကြားခဲ့ကြကြောင်းနှင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနအနေဖြင့် ဒေသအတွင်းရှိပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းတိုးပွားလာစေရန်နှင့် တစ်ပိုင်တစ်နိုင်လုပ်ငန်းများ လုပ်ငန်းခြင်းအားဖြင့် မိသားစုဝင်ငွေတိုးပွားလာစေရည်ရွယ်၍ အခမဲ့ သင်တန်းများဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)