မိုင်းတုံ ဩဂုတ် ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးရှိ အစည်းဝေးခန်းတွင်မြို့နယ်ရှိ ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများစုပေါင်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ (၂း၃၀) အချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မိုင်းတုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးက ဌာနဆိုင်ရာများနှင့် ရပ်ကွက်ကျေးရွာအုပ်စုအုပ် ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများ စုပေါင်း၍ လစဉ်ပုံမှန် အစည်းအဝေးပြုလုပ်ပေးရခြင်းသည် မိမိတို့လုပ်နေသည့် လုပ်ငန်းများအပေါ်တိုးတက်မှုနဲ့ ကြုံတွေ့ရသည့် အခက်အခဲများကို ပူးပေါင်းညှိနှိုင်း ဆောင်ရွက်နိုင်ရန်အတွက် လစဉ်ပုံမှန် အစည်းအဝေးအဖြစ် လုပ်ဆောင်ပေးခြင်းဖြစ်ကြောင်း မိမိတို့ကြုံရသည့် အခက်အခဲများကို ညိုနှိုင်းဆောင်ရွက်မှသာ လုပ်ငန်းများ တိုးတက်အောင်မြင်မှာဖြစ်ကြောင်း၊ ရပ်ကျေးစာရေးများကလည်း မိမိတို့လုပ်ရမယ့်လုပ်ငန်းကို အချိန်နဲ့တပြေးညီတင်ပြနိုင်အောင် ဆောင်ရွက် သွားစေရန်စသည်တို့ကို ပြောကြားပြီးနောက် မြို့နယ်ရဲမှူးမြင့်အောင်က လုံခြုံရေးနှင့်ပတ်သက်သည် များကိုလည်းကောင်း၊ မြို့နယ်လ.ဝ.က ဦးစီးအရာရှိ ဦးအောင်အောင်ထွန်းက ပန်းခင်းစီမံချက်(၂) ဖြင့်ပတ်သက်သည်များကို အကျယ်တစ်ဝန်း ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများမှ မိမိတို့ဆောင်ရွက်နေမှုနှင့် ကြုံတွေ့ရသည့် အခက်အခဲများကို အပြန်အလှန်ဆွေးနွေး ခဲ့ပြီးနောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွင်မိုးက ဆွေးနွေးမှုအပေါ် လိုအပ်ချက်များကို ပြန်လည်းဆွေးနွေး ပေးခဲ့ကြောင်း သိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)