သံတွဲမြို့၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သတိပေးချက်ထုတ်ပြန်

သံတွဲ    ဩဂုတ်   

သံတွဲမြို့တွင် ၂၀၂၃ ခုနှစ် ဩဂုတ် ၁ ရက်နေ့ နံနက်မှစတင်၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သံတွဲချောင်းအတွင်း ချောင်းရေများစိုးရိမ်‌ရေအမှတ်ထက်မြင့်တက်လာမှုကြောင့် ရေကြီးမှုများ ဖြစ်ပွါးလာနိုင်သဖြင့် အနိမ့်ပိုင်း‌ဒေသရှိပြည်သူများ ဘေးလွတ်ရာသို့ အမြန်ဆုံးပြောင်းရွှေ့ နေထိုင်ကြရန် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအဖွဲ့က သတိပေးထုတ်ပြန်ချက်များကို မြို့အတွင်း လှည့်လည်ဆော်ဩလျက်ရှိကြောင်းသိရသည်။

သံတွဲမြို့နယ် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၁၇:၃၀ နာရီတိုင်းထွာချက်များအရ ၆.၈၅ လက်မ ရွာသွန်းပြီး သံတွဲချောင်းရေမှာ ၆၆၈ cm ဖြစ်နေပြီး စိုးရိမ်ရေအမှတ် ၆၅၀ cm အထက် ၁၈ cm (၀.၆)ပေခန့်ကျော်လာကြောင်း သိရှိရသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများက အနိမ့်ပိုင်းဒေသရှိ ပြည်သူများအား သတ်မှတ်ဘေးလွတ်ရာနေရာများသို့ ကြိုတင်ပြောင်းရွှေ့ပေးလျက်ရှိကြောင်း သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအဖွဲ့မှ သိရှိရသည်။

သန့်ဇင်(ခရိုင်ပြန်/ဆက်)