ခန္တီးမြို့အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံလျှက်ရှိသည့် အကျဉ်းသား/သူ (၁၄)ဦး အား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု

ခန္တီး ဩဂုတ် ၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ဩဂုတ်လ(၁)ရက်နေ့ မွန်းလွဲ(၂)နာရီခွဲ အချိန်ခန့်က ခန္တီးအကျဉ်းထောင်မှ ပြစ်ဒဏ်ကျခံလျှက်ရှိသည့် အကျဉ်းသား ကျား(၁၃)ဦးနှင့်မ(၁)ဦး စုစုပေါင်း(၁၄)ဦးအား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်နှင့်အညီ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ အမိန့်အမှတ် (၅၁/၂၀၂၃)ဖြင့် ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပြုခဲ့သည်။

 ရှေးဦးစွာ ခန္တီးအကျဉ်းထောင်တာဝန်ခံအရာရှိ ဦးမြင့်ဦးမှ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးသည့် အမိန့်စာအား ဖတ်ကြားခဲ့ပြီး ခန္တီးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုး၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး မျိုးဇော်မောင်နှင့် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သန်းဇော်ထိုက်တို့မှ လွတ်ငြိမ်းခွင့်ဖြင့် လွတ်မြောက်လာသူများအား ဆုံးမသြဝါဒစကားများပြောကြားခဲ့ပြီးတာဝန် ရှိသူများမှ လွတ်ငြိမ်းချမ်းသာဖြင့် လွတ်မြောက်လာသည့် အကျဉ်းသားများအား လွတ်လက်မှတ် နှင့် ခရီးစရိတ်များအား အသီးသီး ပေးအပ်ခဲ့ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)