မင်းဘူးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်အသိပညာပေး ဟောပြောပွဲများကျင်းပ

မင်းဘူး  ဩဂုတ်  ၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ အသိပညာနှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် လူငယ်အသိပညာပေး ဟောပြောပွဲကို  ယမန်နေ့နံနက် ၁၀ နာရီက မင်းဘူးမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။

ထိုသို့ အသိပညာပေးဟောပြောရာတွင် မင်းဘူးမြို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင်က ကျောင်းသား၊ကျောင်းသူ လူငယ်လူရွယ်ကလေးများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေပြီး အသိပညာဗဟုသုတများ ပြည့်စုံကာ အေးအေးချမ်းချမ်းဖြင့် စာပေကို ဂရုတစိုက်သင်ကြားကြစေပြီး၊ နောင်တစ်ခေတ်မှာ ပခုံးပြောင်း လက်လွဲယူမဲ့ ဉာဏ်အမြော်အမြင်နှင့် ပြည့်စုံသော ပညာတတ် သားကောင်း၊ သမီးကောင်းများအဖြစ် မြင်တွေ့လိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးလှိုင်ဝင်းက မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးနှင့် လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဆိုင်ရာများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ယာဉ်ထိန်းတပ်ဖွဲ့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနများမှ သက်ဆိုင်ရာ ဌာနများရှိ လူကြီးမင်းများက မိမိတို့၏ အသိပညာများကို ကဏ္ဍများအလိုက် အသီးသီးဟောပြောခဲ့ကြသည်။

ထို့နောက် မင်းဘူး အ.ထ.က (၁) မှကျောင်းသား၊ ကျောင်းသူလေးများက မရှင်းလင်းသည်များကို မေးမြန်းဆွေးနွေးရာ သက်ဆိုင်ရာဌာန အကြီးအကဲများ ပြန်လည်ရှင်းလင်း ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

ဇေယျာထက်(မင်းဘူး)