ကဝမြို့နယ်၌ စားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းသက်သာစွာဖြင့် ဆက်လက်ရောင်းချပေး

ကဝ ဩဂုတ် ၆

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ကဝမြို့နယ်တွင်ပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရန် ရည်ရွယ်၍ ကဝမြို့နယ် စည်ပင်သာယာဈေးကြီးအတွင်း ကိုယ်တိုင်စိုက်ပျိုး/မွေးမြူသူများ တိုက်ရိုက်အရောင်းဆိုင်ဖွင့်လှစ်ပြီး ရောင်းချပေးခြင်းကို ယမန်နေ့နံနက်(၇)နာရီက ဆောင်ရွက်ခဲ့သည်။

ထိုသို့ရောင်းချပေးရာတွင် ကဝမြို့နယ်အတွင်းရှိ ကိုယ်တိုင်စိုက်ပျိုး/မွေးမြူသူများက ကြက်သား၊ ဝက်သား၊ အမဲသား၊ ငါး၊ ကြက်ဥ၊ ဘဲဥနှင့် ဟင်းသီးဟင်းရွက်များကို သက်သာသောဈေးနှုန်းဖြင့် ဆက်လက်ရောင်းချပေးခြင်းအား၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများမှ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)