မြန်အောင်ခရိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစုများက စနေဆွမ်းကျောင်း၌ သံဃာ့ဒါန ဆွမ်းလောင်းလှူ

မြန်အောင် သြဂုတ် ၆

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မိသားစုများစုပေါင်း၍ ယမန်နေ့နံနက် ၄း၀၀ နာရီက မြန်အောင်မြို့ အမှတ်(၁)ရပ်ကွက် စနေ့ဆွမ်းကျောင်း၌ သံဃာ့ဒါန ဆွမ်းလောင်းလှူခဲ့ကြသည်။

ဆွမ်းလောင်းလှူပွဲသို့  မြန်အောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်းနှင့် ဇနီး ဒေါ်သင်းလှိုင်ဦး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးမင်းမင်းစိုးနှင့်ဇနီး၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ထက်၊ ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက မြန်အောင်မြို့ပေါ်ရပ်ကွက်များရှိ ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော် (၄၇၄)ပါးတို့အား ဆွမ်း၊ ဆွမ်းဟင်းများ လောင်းလှူဒါန်းခဲ့ကြပြီး ဝေဠုဝန်ဆရာတော် မဟာဂန္တဝါစ​က​ပဏ္ဍိတ ဘဒ္ဒန္တစာရိန္ဒ(သာသနဓဇ ဓမ္မာစရိယ၊ ဝေဠုဝန်နိကာယ ဝိနိယ ဝိသာရဒ၊ ဒိဃနိကာယ ကောဝိဒ)အရှင်သူမြတ်နှင့် ဆရာတော်များအား မုန့်ဆွမ်းဆက်ကပ် လှူဒါန်း၍ တရားနာ ရေစက်သွန်းချ လှူဒါန်းခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)