ပန်းတနော်မြို့ လူထုအခြေပြုဗဟိုဌာန(ပန်းတနော်)အား ပြည်သူ့အကျိုးပြုလုပ်ငန်းများ အကျိုးရှိစွာ အသုံးပြုနိုင်ရေး လုပ်ငန်းညှိနှိုင်းကော်မတီအစည်းအဝေး ကျင်းပ

ပန်းတနော် သြဂုတ် ၆

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်၊ ပန်းတနော်မြို့ လူထုအခြေပြုဗဟိုဌာန(ပန်းတနော်) အဆောက်အအုံအား ပြည်သူ့အကျိုးပြုလုပ်ငန်းများ အကျိုးရှိစွာ အသုံးပြုနိုင်စေရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲရေး ပြင်ဆင်ထိန်းသိမ်းမှုများ ဆောင်ရွက်နိုင်ရန် လုပ်ငန်းညှိနှိုင်းကော်မတီအစည်းအဝေးကို ဩဂုတ်လ ၄ ရက်နေ့ နံနက်ပိုင်းက အဆိုပါလူထုအခြေပြုဗဟိုဌာန ရွှေနော်သီရိခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဒေါ်ယဥ်ဆွေဝင်းက လူထုအခြေပြုဗဟိုဌာန (ပန်းတနော်) အဆောက်အအုံအား ပြည်သူ့အကျိုးပြုလုပ်ငန်းများ အကျိုးရှိစွာ အသုံးပြုနိုင်ရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးတို့အတွက် ဌာနဆိုင်ရာ များ၊ မြို့မိမြို့ဖ ပြည်သူလူထုများမှ ဝိုင်းဝန်းပူးပေါင်း ပါဝင်ဆောင်ရွက်ပေးကြပါရန် ဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းက ၎င်းအဆောက်အအုံအား ​ပြုပြင်ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် အကျိုးရှိစွာ အသုံးပြုနိုင်ရေးအတွက် အပတ်စဥ်၊ လစဥ်၊ နှစ်စဥ် အစရှိသဖြင့် လုပ်ငန်းဆောင်ရွက်မည့်အစီအစဥ် (activities)များအား  ကော်မတီအဖွဲ့ဝင်များမှ အကောင်အထည်ဖော် ရေးဆွဲလုပ်ဆောင်သွားကြရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကော်မတီအဖွဲ့ဝင်များ၊ ပရဟိတအသင်းအဖွဲ့များက လူထုအခြေပြုဗဟိုဌာန (ပန်းတနော်)ကို အကျိုးရှိစွာအသုံးပြုနိုင်ရန် လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရေး အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ ဆက်)