ညောင်တုန်းမြို့နယ်တွင် မြစ်ကမ်းပါးပြိုကျမှု‌ကြောင့် မြစ်ကမ်းအနီးရှိနေအိမ်များ ဘေးလွတ်ရာသို့ ကြိုတင်ပြောင်းရွေ့

ညောင်တုန်း ဩဂုတ် ၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ မာယူချောင်းဖျားကျေးရွာတွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းမှ အလျား(၆၀)ပေ၊ အနံ(၁၅)ပေခန့် ပြိုကြမှုဖြစ်ပွားခဲ့ရာ ယမန်နေ့မွန်းလွဲပိုင်းက မြစ်ကမ်းအနီးရှိနေအိမ်များဘေးလွတ်ရာသို့ ကြိုတင်ဖျက်သိမ်း ပြောင်းရွေ့ခြင်းများ‌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးအောင်မျိုးသူ၊ သက်ဆိုင်ရာ မြိုနယ်အဆင့်ဌာနဆိုင်များ၊ တပ်ရင်း တပ်ဖွဲ့များနှင့် လူမှုရေးအသင်းအဖွဲ့များက မြစ်ကမ်းအနီးရှိ နေအိမ်(၁၂)လုံးကို ဘေးလွတ်ရာသို့ ကြိုတင်ဖျက်သိမ်းပြောင်းရွေ့မှုများ စီစဉ်ဆောင်ရွက်ပေးခဲ့ပြီး မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ နေအိမ်(၁၂)လုံးအတွက် ကြိုတင်ပြောင်းရွှေ့စရိတ် ငွေကျပ် (၁၂၀၀၀၀၀)၊ လူဦးရေ(၄၀)ဦးအတွက် ဆန်ရိက္ခာဖိုး ငွေကျပ် (၈၄၀၀၀)ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထက်ဝေဖြိုး(ပြန်ဆက်)