ကြံခင်း ဩဂုတ် ၆
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ဒုတိယအကြိမ်) ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မူလွန်မြို့မတောင်နှင့် (အ.မ.က) မြို့မမြောက်ကျောင်း ဆေးထိုးစုရပ်များတွင် ထိုးနှံပေးကြောင်း သိရသည်။
"ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးကြပါစို့" ဆောင်ပုဒ်နှင့်အညီ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှု လွှမ်းခြုံနိုင်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့် ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်း များကို မြို့နယ်ကျန်းမာရေးမှတာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမ များက မူလွန်မြို့မတောင်ကျောင်းမှ ကျောင်းသား/သူ(၃၀)ဦးနှင့် (အ.မ.က) မြို့မမြောက်ကျောင်းမှ ကျောင်းသား/သူ(၃၈)ဦးတို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm)ကို (ဒုတိယအကြိမ်)ထိုးနှံပေးကြောင်း သိရသည်။
အဆိုပါ ဆေးထိုးစုရပ်များတွင် ကာကွယ်ဆေးထိုးနှံပြီးသော ကျောင်းသား/သူများအား ဓာတ်မတည့်ခြင်းနှင့် ဘေးထွက်ဆိုးကျိုးလက္ခဏာများ ဖြစ်ပေါ်လျှင် ချက်ချင်းကုသပေးနိုင်ရန် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှ တာဝန်ရှိသူများ၊ အခြေခံပညာကျောင်း ဆေးထိုးစုရပ်ရှိဆရာ/ဆရာမများမှ စောင့်ကြပ်ဆောင်ရွက်ပေးကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)