ကြံခင်းမြို့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးဆောင်မှုဖြင့် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ

ကြံခင်း ဩဂုတ် ၆

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဦးဆောင်မှုဖြင့်  မြို့နယ်အဆင့်ဌာနဆိုင်ရာများ  စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့ညနေပိုင်းက ကြံခင်းမြို့နယ်လုံးဆိုင်ရာ ရွှေညောင်ပင်ကျောင်းတိုက် ပညာဆီမီးဓမ္မာရုံတွင် ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းတန်နှင့်ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များက "နမောတဿ" သုံးကြိမ်ရွတ်ဆို အခမ်းအနားဖွင့်လှစ်ပြီး၊  မုခ်ထုပ်ကျောင်းတိုက်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ  ဘဒ္ဒန္တပညာဝံသ ထံမှငါးပါးသီလခံယူဆောက်တည်ကာ ဆရာတော်ကြီးမှ တရားတော်ချီးမြှင့်ပေးရာနာကြားကြသည်။

ထို့နောက် ရွှေညောင်ပင်ကျောင်းတိုက်၊ မုခ်ထုပ်ကျောင်းတိုက်၊ ရွှေတောင်ကျောင်းတိုက်၊ ကျောင်းသစ်ကျောင်းတိုက်၊ တောရကျောင်းတိုက် ဆရာတော်ကြီးများအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝထ္ထုပစ္စည်း စုစုပေါင်းတန်ဖိုးငွေကျပ်(၄၉၀၀၀ဝိ/) အားဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှူ အစုစုအတွက် အမျှပေးဝေကာ  သာဓုအနုမောဒနာများ ခေါ်ဆိုကြပြီးနောက်  အခမ်းအနားကို "ဗုဒ္ဓသာသနံစီရံတိဌတု" သုံးကြိမ်ရွတ်ဆို အခမ်းအနားပြီးမြောက်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)