ချမ်းမြသာစည်မြို့နယ် သူရိန်နန်းကိုယ်ပိုင်အထက်တန်းကျောင်း၌ မြန်မာနိုင်ငံမူးယစ်‌ ဆေးဝါးဆန့် ကျင်ရေးအသင်းမှမူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး ဟောပြောပွဲကျင်းပ

မဟာအောင်မြေ ဩဂုတ်  ၆

ချမ်းမြသာစည်မြို့နယ်၌ မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း (မန္တလေးတိုင်း ဒေသကြီး)နှင့် သူရိန်နန်းကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်းဆောင်ရွက်သော မူးယစ်ဆေးဝါးအန္တရာယ်အသိပညာ‌ပေးဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်းကကျင်းပခဲ့သည်။

အဆိုပါ ဟောပြောပွဲကို မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း (မန္တလေးတိုင်း ဒေသကြီး)ဉက္ကဋ္ဌ ရဲမှူးကြီး ဦးမြင့်ဆွေ(ငြိမ်း)က MANA အကြောင်းအဖွင့်အမှာ စကားပြောကြား ပြီးတွဲဖက် အတွင်းရေးမှူးDr မျိုးခိုင်းက ကြိုတင်ဝေငှထားသော စာရွက်ပါအချက်အလက်များနှင့် ပတ်သက်၍ ဆောင်ရွက်ရမည့်အစီအစဉ်များ ရှင်းလင်းပြောကြားကာ အတွင်းရေးမှူး Dr တင်ထွန်းမော်က ဆေးလိပ်၊ အရက်၊ ကွမ်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း၊ အဖွဲ့ဝင် ဦးအောင်ကျော်စွာက Vape  and Happy water အန္တရာယ်အကြောင်း၊ ဒုတိယဥက္ကဌ ဒေါ်သန္တာဘုန်းဝင်းက အမျိုးသမီးများနှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသီးသီးဟော ပြောခဲ့ကြပြီး မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များကိုလည်း (အခမဲ့) ဖြန့်ဝေခဲ့ကြောင်းသိရသည်။

မူးယစ်ဆေးဝါးအန္တရာယ်အသိပညာ‌ပေး‌ ဟောပြောပွဲကို မြန်မာနိုင်ငံမူးယစ်ဆေဝါး ဆန့်ကျင်ရေး အသင်း (မန္တလေးတိုင်းဒေသကြီး) ဥက္ကဋ္ဌ ရဲမှူးကြီး ဦးမြင့်ဆွေ(ငြိမ်း)နှင့်အဖွဲ့ဝင်များ၊ သူရိန်နန်း ကိုယ်ပိုင်အထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ ၊ဆရာများ၊ ကျောင်းသား/ သူများ စုစုပေါင် း(၁၇၀)ဦး တက်ရောက်ခဲ့သည်။

အောင်ဇော်မင်း