ဘီးလင်းမြို့နယ်တွင် တောင်ကျရေစီးဆင်း မှုကြောင့်  ရန်ကုန်-မော်လမြိုင် ကားလမ်းရေကျော်

ဘီးလင်း ဩဂုတ် ၆

 မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် တောင်ကျရေစီးဆင်းမှုကြောင့် ဩဂုတ် ၅ ရက် နံနက်ပိုင်းတွင် ရန်ကုန် - မော်လမြိုင်သွား ကားလမ်း မိုင်တိုင်အမှတ် (၁၂၆/၄) နှင့် (၁၂၆/ ၅ )ကြား​ သကြားစက်လမ်းဆုံမှ စက်မှုသုံးအရက်ပျံစက်ရုံရှေ့ လမ်းမကြီးပေါ်တွင်ရေအကျယ်ပေ(၈၀၀) အနက် (၁၂)လက်မခန့် နှင့်ဒေါက်ရပ်ကျေးရွာ ရန်ကုန် - မော်လမြိုင် ကာလမ်းမိုင် တိုင်အမှတ်(၁၂၇/၇) နှင့် ( ၁၂၈/၀) အကြားကားလမ်းမပေါ် သို့ ရေအကျယ်ပေ (၅၀၀)၊ အနက် (၁၃) လက်မခန့်နှင့် မိုင်တိုင်အမှတ် (၁၂၉/၂)ရှိ မစောတံတားအနီးတွင် ရေအကျယ် ပေ (၁၂၀၀) ရေအနက် (၁)ပေခွဲခန့် ကားလမ်းရေကျော်မှု ဖြစ်ပွားခဲ့သည့်အတွက် လမ်းဦးစီး ဌာနမှ လမ်းပြအမှတ်အသားများ စိုက်ထူခြင်းများ ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ ကားလမ်းရေကျော်မှုကြောင့် ယာဉ်ကြီးများသာ ဖြတ်သန်းသွားလာခွင့်ပြုပြီး ယာဉ်ငယ်များ ဖြတ်သန်းသွားလာရန် အန္တရာယ် ရှိသောကြောင့် ယာဉ်ငယ်ဖြတ်သန်းသွားလာခွင့် ယာယီပိတ်ထား ကြောင်းသိရသည်။ မော်တော်ယာဉ်ကြီးများ  အန္တရာယ်ကင်းရှင်းစွာ သွားလာ နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစည်သူအောင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးနို င်အောင်ထွန်း၏ ကြီးကြပ်မှုဖြင့် တပ်နယ်မှဗိုလ်ကြီးမျိုးသီဟထွန်း ဦးစီးတပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမင်းတင်၊ ယာဉ်ထိန်းတပ်စု (၇၈)၊ တပ်ဖွဲ့စိတ် (ဘီးလင်း)မှ ဒုရဲအုပ် နိုင်ငြိမ်းတို့ ပူပေါင်းအဖွဲ့မှ နေရာများပိုင်းခြားသတ်မှတ်၍ ယာဉ်လမ်းရှင်းလင်းရေး ဆောင်ရွက် လျက်ရှိကြောင်းနှင့် ရေဖြတ်ကျော်စီးဆင်းမှုအခြေအနေပေါ်မူတည်၍ ယာဉ်ငယ်များအား ဖြတ်သန်းသွားလာ ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

ဘီးလင်း (ပြန်/ဆက်)