ပြည် ဩဂုတ် ၆
ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်တွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးစနစ် ကောင်းမွန်ရေးအတွက် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးနယ်မြေအတွင်း ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိသော ၆၆/၁၁ကေဗွီ ပြည်စက်မှုဇုန် ဓာတ်အားခွဲရုံ Main Transformer ၏ OLTC အားပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းဆောင်ရွက် ခြင်းကို သြဂုတ် ၅ ရက် ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီး/ခရိုင်/မြို့နယ်ဓာတ်အားခွဲရုံမှ တာဝန်ရှိ သူများ၊ ဝန်ထမ်းများနှင့် AGE Co.Ltd တို့ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
အဆိုပါဓာတ်အားခွဲရုံ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းဆောင်ရွက်နေစဥ်အတွင်း စက်မှုဇုန်ဓာတ်အားခွဲရုံမှ ဓာတ်အားဖြန့်ဖြူးထားသော ၁၁ ကေဗွီ (မြေပဒေသာ၊ တပ်မ၊ ဂန္ဓမာစက်မှုဇုန်နှင့် နဝဒေးစက်မှုဇုန်) ဓာတ်အားလိုင်းတို့အား လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရေးနှင့်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး စနစ်ကောင်းမွန်ရေး ပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းများကိုမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံး ဝန်ထမ်းများမှစုပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)