တွံတေးမြို့နယ်၌ ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

 တွံတေး သြဂုတ် ၆

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနနှင့်အခြေခံပညာ ဦးစီးဌာနတို့ပူးပေါင်းကျင်းပသော ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက် (၁၀) နာရီ မိနစ်၃၀ အချိန်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ပညာ့ရတနာခန်းမ၌ကျင်းပသည်။

ရှေးဦးစွာ ပညာရေးစစ်ကြောင်းခေါင်းဆောင်၊ မြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်ခင်မြတ်ချိုကအဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသက်ဦးက ပြိုင်ပွဲကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ အကဲဖြတ်အမှတ်ပေးအဖွဲ့ခေါင်းဆောင်ဆရာမတစ်ဦးက ပြိုင်ပွဲစည်းကမ်းချက်များ အားရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။

ယင်းနောက် ကျပန်းပြိုင်ပွဲကို ဆက်လက်ကျင်းပရာ အစဥ်ရှေးရှု မြန်မာ့ယဥ်ကျေးမှုခေါင်းစဥ်ဖြင့် ပထမဆုရ Grade(10) Bမှ မောင်ထက်​ဝေယံ၊ ကျန်းမာခြင်းသည် လာဘ်တစ်ပါး ခေါင်းစဥ်ဖြင့် ဒုတိယဆုကို Grade (10)Dမှ မောင်ကောင်းခန့်ကျော်၊ အားကစားဖြင့်နိုင်ငံဂုဏ်ကိုမြှင့်တင်စို့ ခေါင်းစဥ်ဖြင့် တတိယဆုကို Grade (10)C မှ မကြယ်စင်ငြိမ်း၊ နှစ်သိမ့်ဆု(၁)ကိုGrade ( 10) A မှမောင်အောင်မြင့်မိုရ်၊ နှစ်သိမ့်ဆု(၂)ကို Grade(10)Dမှ မောင်ကောင်းခန့်ကျော်တို့အား အ.ထ.က (၂) ကျောင်းအုပ်ဆရာကြီးဦးခင်ဇော်ညွှန့်က ဂုဏ်ပြုဆုငွေ ပေးအပ်ချီးမြှင့်ကြပြီး၊ အမှတ်တရ စုပေါင်း ဓာတ်ပုံရိုက်ကူးကြသည်။

အခမ်းအနားအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထား သောဓာတ်ပုံံ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ကျောင်းသားကျောင်းသူများက စိတ်ပါဝင် စားစွာကြည့်ရှုလေ့လာကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် လူငယ်စကားဝိုင်းများ၊ ကျပန်းစကား ပြောပြိုင်ပွဲများကို တွံတေးမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများ၌ ဆက်လက်ကျင်းပ ပေးသွား မည်ဖြစ်ကြောင်းတာဝန်ရှိသူတစ်ဦးထံမှသိရသည်။

 တွံတေးသား