ဖားကန့် ဩဂုတ် ၆
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု မှော်စီစာကျေးရွာဘေးရှိ ရေကန်အစပ်တွင် ယမန်နေ့ နံနက် ၁၁ နာရီက ကမ်းပါးယံ မြေစာပြိုကျမှုကြောင့် အမျိုးသမီး (၂)ဦးနှင့် ကလေးငယ် (၂)ဦး မျောပါသွားခဲ့ရာ အမျိုးသမီး (၁)ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မှော်စီစာကျေးရွာဘေးရှိ ရေကန်အစပ်၌ အမျိုးသမီး (၂)ဦးနှင့် ကလေးငယ် (၂)ဦး ရေဆင်းချိုးစဉ် ကမ်းပါးပြိုကျခဲ့ပြီး ရေစီးနှင့်အတူ မျောပါသွားခဲ့ခြင်းဖြစ်သည်။ အဆိုပါ မျောပါသူများအနက် အမျိုးသမီး (၁)ဦးနှင့် ကလေးငယ် (၂)ဦးကို ကျေးရွာဒေသခံများမှ ပြန်လည်ဆယ်ယူကယ်တင်နိုင်ခဲ့ပြီး ကျန်အမျိုးသမီးတစ်ဦးကို ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့် လူမှုကူညီရေးအသင်းအဖွဲ့များက မွန်းလွဲ ၂ နာရီခန့်တွင် သေဆုံးလျက် ရှာဖွေတွေ့ရှိခဲ့သည်။
အဆိုပါ သေဆုံးသူ အမျိုးသမီးကို လုံးခင်းကျေးရွာ သင်္ဂဟလူမှုကူညီရေး အသင်းမော်တော်ယာဉ်ဖြင့် နေအိမ်သို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)