အင်္ဂပူ ဩဂုတ် ၆
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် ၊အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့ အမှတ်(၂)ရပ်ကွက်၊ သဖန်းရပ်တွင် ယမန်နေ့ညနေပိုင်းက ကညင်ချောင်းရေမြင့်တက်၍ ကမ်းပါးပြိုကျမှုကြောင့် ပျက်စီးပြိုကျပျက်စီးခဲ့သော လူနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့်အဖွဲ့ဝင်များ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ် ဦးစီးမှုးရုံးမှတာဝန်ရှိသူများက အိမ်ဆောက်ပစ္စည်းရန်ပုံငွေကျပ် (၁၀၀၀၀ဝ)နှင့် လူဦးရေ(၆)ဦးတို့အတွက် ဆန်ရိက္ခာ(၇)ရက်စာ ရန်ပုံငွေ(၁၂၆၀ဝ)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ ပုံး(၁)ပုံးတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မိုးသည်းထန်စွာရွာသွန်းပြီး ကညင်ချောင်းရေတိုက်စား ကမ်းပြိုမှုကြောင့် ဩဂုတ်၃ရက်နေ့ညနေပိုင်းက မဲဇလီကုန်းမြို့၊ အမှတ်(၂)ရပ်ကွက်၊ သဖန်းရပ် ဦးအုန်းကြိုင်၏ သွပ်မိုး၊ ထရံကာ၊ ဝါးအိမ်ပြိုကျပျက်စီးခဲ့မှု ဖြစ်ပွားခဲ့သည့်အတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)