ဖားကန့်မြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများမှ စု‌ပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပ

ဖားကန့် ဩဂုတ် ၆

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများမှ စု‌ပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီက မြို့နယ်အထွေ‌ထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ပထမဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်းရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကြပြီး ကြွရောက်တော်မူကြသည့် ဆရာတော် သံဃာတော်များအား ဩကာသကန်းတော့ချိုးဖြင့် ရှိခိုးကန်တော့ကြသည်။

ယင်းနောက် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တကဝိသာရဆရာတော်ဘုရားထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ကြွရောက်တော်မူကြသည့် ဆရာတော်သံဃာတော်များထံမှ ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။

ဆက်လက်၍ ကြွရောက်တော်မူကြသည့် ဆရာတော်သံဃာတော်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးငြိမ်းမောင်မောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများက ဝါဆိုသင်္ကန်များ အသီးသီးဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌက ရေစက်ချအနုမောဒနာတရားနာယူကြည်ညိုကာ ဗုဒ္ဓသာသနံစီရံတိဌတု သုံးကြိမ်ရွတ်ဆိုကြ၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

အဆိုပါ အခမ်းအနားသို့ ကြွရောက်တော်မူကြသည့် ဆရာတော်သံဃာတော်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများက နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ယခုနှစ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ စုစုပေါင်းလှူဒါန်းမှုမှာ (၄၁)သိန်း (၁)သောင်း (၅)ထောင်ကျပ် လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)