မြစ်ကြီးနား ဩဂုတ် ၆
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဒေသခံတိုင်းရင်းသူများ အလုပ်အကိုင်အခွင့်အလမ်းပိုမိုရရှိပြီး တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေရရှိစေရန် ရည်ရွယ်၍ အဋ္ဌမကြိမ်မြောက် ပန်းအလှဆင်/ပန်းအလှပြင် (အခမဲ့)သင်တန်းကို လူထုအခြေပြုဗဟိုပြုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ ယမန်နေ့ နံနက် ၈ နာရီခွဲက စတင်ဖွင့်လှစ်ခဲ့သည်။
သင်တန်းတွင် သတို့သမီးလက်ကိုင်ပန်း၊ ရင်ကပ်ပန်း၊ အမှတ်တရလက်ဆောင်ပန်းစည်း၊ မွေးနေ့ပန်းစည်း၊ ပန်းခြင်းပြုလုပ်နည်းအမျိုးမျိုးကို မြစ်ကြီးနားမြို့ရှိ ပန်းအလှဆင် ပန်းအလှပြင်နည်း စိတ်ပါဝင်စားသူ (၂၃) ဦးတို့အား ဩဂုတ်လ ၅ ရက်နေ့မှ ၆ ရက်နေ့အထိ (၂) ရက်ကြာ စာတွေ့၊ လက်တွေ့ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်းနှင့် လက်ရာ ကောင်းမွန်စွာ ပြုလုပ်နိုင်သည့် သင်တန်းသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းကို မြစ်ကြီးနားခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကချင်ပြည်နယ် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနနှင့် ကချင်ပြည်နယ် စာကြည့်တိုက် များဖောင်းဒေးရှင်းတို့ ပူးပေါင်း ဖွင့်လှစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)