ဇလွန် သြဂုတ် ၆
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် ဖက်သောင်ကျေးရွာအုပ်စု၊ ဖက်သောင်ကျေးရွာကွင်းအမှတ် (၁၈၄၂ /ခ)၊ ဦးပိုင်အမှတ် ၅၄/၂ ရှိတောင်သူ ဦးရွှေထူး၏ လယ်မြေ (၁၀) ဧကတွင် ၂၀၂၃ ခုနှစ် မိုးစပါးစိုက်ပျိုးပြီးစီးမှု ထွန်တုံးပိတ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀နာရီကပြုလုပ်ခဲ့သည်။
ထွန်တုံးပိတ်ပွဲသို့ ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် တာဝန်ရှိသူများတက်ရောက် ကြည့်ရှုအားပေးခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးအရာရှိ ဦးနိုင်ကျော်စိုးက ၂၀၂၃ ခုနှစ် မိုးစပါးစိုက်ပျိုးထားရှိမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ဟင်္သာတခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့်တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးအရာရှိ ဦးနိုင်ကျော်စိုးနှင့်ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ပြီး ဇလွန်မြို့နယ်တွင် ၂၀၂၃ ခုနှစ်မိုးစပါးဧက ၇၂၃၇၂ ဧက စိုက်ပျိုးပြီးစီးခဲ့ကြောင်း သိရသည်။
ဝေယံ-ဇလွန် (ပြန်/ဆက်)