ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့ မြို့မဂိုဏ်းချုပ်ကျောင်းတိုက်တွင် တရားစခန်းပွဲ ဖွင့်ပွဲကျင်းပ

နမ့်ဆန် ဩဂုတ် ၈

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့ မြို့မဂိုဏ်းချုပ်ကျောင်းတိုက် သာသနာဟိတကာရီကျောင်းဆောင်အပေါ်ထပ်တွင် နှစ်စဉ်ကျင်းပသည့် ဝါတွင်း(၃)လ မိုးကုတ်ဝိပဿနာ တရားစဉ်နှင့် လုပ်ငန်းစဉ်အချိန်ပိုင်း တရားစခန်းဖွင့်ပွဲကို ယမန်နေ့ညနေပိုင်း (၆)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ တရားစခန်းဖွင့်ပွဲတော်ကို ဆရာတော် ဦးဉာဏ္ဏိကမှ ဦးဆောင်၍ “လူဖြစ်တုန်းခဏ အရှုံးမရှိစေနှင့်” တရား(၃)ပါးဖြစ်သော “လူဖြစ်ရခြင်းသည် မြတ်ကြောင်း”၊ “အသက်ရှည်ဖို့သည် ခဲယဉ်ကြောင်း”၊ “သာသနာနှင့်ကြုံဖို့သည်လည်း မလွယ်ကူကြောင်း” စသည့်တရားအား ဟောပြောခဲ့ရာ တရားလာရောက်အားထုတ်သူ(၆၅)ဦးခန့်ရှိိပြီး အဆိုပါညနေပိုင်း တရားပွဲအား ရပ်ကွက် ကျေးရွာအသီးသီးမှ သက်ကြီးရွယ်အိုများတို့က လာရောက်တရားနာ၊ တရားအားထုတ် လျက်ရှိပြီး၊ အဆိုပါ တရားစခန်းပွဲအား ဒုတိယဝါဆိုလဆုတ်(၃)ရက်နေ့မှ သီတင်းကျွတ်လဆန်း (၈)ရက်နေ့ထိ ဝါတွင်းကာလ(၃)လ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)