ပဲခူးမြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၌ (၂/၂၀၂၃) ဘင်ခရာသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

ပဲခူး သြဂုတ်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ အမှတ်() အခြေခံပညာ အထက်တန်းကျောင်း၌ (/၂၀၂၃) ဘင်ခရာသင်တန်းဆင်းပွဲ အခမ်းအနားကို မန်နေ့ နံနက် ()နာရီက အဆိုပါကျောင်းရှိ ပင်မဆောင်ရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။ 

အခမ်းအနားတွင် ဘင်ခရာသင်တန်းဆင်း မောင်မယ်များမှ ဘင်ခရာတီးဝိုင်းဖြင့် ချီတက်ဝင်ရောက်လာကြပြီး မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်အေးသက်မော်အား အလေးပြုကြသည်။ ထို့နောက် နိုင်ငံတော်အလံအား နိုင်ငံတော်သီချင်းဖြင့် စွမ်းရည်ပြတီးမှုတ်၍ စုပေါင်းအလေးပြုသရုပ်ပြ တီးခတ်အလေးပြုခဲ့ကြသည်။

ထို့နောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်လဲ့လဲ့နိုင်မောင်က အမှာစကားပြောကြားရာတွင် ဂီတစွမ်းအား ပြည်ထွန်းကား ဆောင်ပုဒ်နှင့်အညီ ကမ္ဘာသုံးဂီတ သင်္ကေတများကို ကျွမ်းကျင်ပိုင်နိုင်ကာ မိမိကျောင်း၊ မိမိမြို့၊ မိမိနိုင်ငံကို ဂုဏ်ဆောင်နိုင်သည့် အရည်အသွေး ပြည့်မီသည့် ဘင်ခရာအသင်းကြီးဖြစ်အောင် စုစုစည်းစည်း ဆက်လက်လေ့ကျင့်ကြိုးပမ်းကြရန် ပြောကြားခဲ့သည်။ 

ယင်းနောက် သင်တန်းနည်းပြ ဆရာများအား ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ချီးမြှင့်ခဲ့ပြီး ဘင်ခရာမောင်မယ်များအား သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခဲ့သည်။ ထို့နောက် ..က() ဘင်ခရာသင်တန်းဆင်း မောင်မယ်များမှ ဧည့်ခံတီးမှုတ်ဖျော်ဖြေခဲ့ကြသည်။ အဆိုပါ ဘင်ခရာသင်တန်းကို ကျောင်းနှင့် မြို့ဂုဏ် ဆောင်နိုင်ရေးအတွက် ဇွန်လ မှ ဇူလိုင်လထိ ()လတာ ဖွင့်လှစ်သင်ကြားခဲ့ခြင်းဖြစ်ပြီး သင်တန်းသား/သူ (၇၁)ဦး သင်တန်းတက်ရောက်ခဲ့ကြောင်း သိရသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)