ငါ့သရောက်မြို့(အ.ထ.က)ကျောင်းတွင် အလယ်တန်းအဆင့် ဘောလုံး အားကစားပြိုင်ပွဲ ကျင်းပ

ငါ့သရောက်မြို့ သြဂုတ် ၈

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦခရိုင် ငါ့သရောက်မြို့တွင် ယမန်နေ့က အလယ်တန်းအဆင့် ဘောလုံးအားကစားပြိုင်ပွဲကို ငါ့သရောက်မြို့ (အ.ထ.က)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဘောလုံးအားကစားပြိုင်ပွဲကို ငါ့သရောက်မြို့ (အ.ထ.က)ကျောင်းမှ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ဆရာမများ၊ ငါ့သရောက်မြို့အတွင်းရှိ အလယ်တန်းကျောင်းများမှ ဆရာ၊ဆရာမများက ဦးဆောင်ကျင်းပပေးခဲ့ပြီး ငါ့သရောက်မြို့ (အ.ထ.က)ကျောင်းမှ အလယ်တန်းကျောင်းမှ ကျောင်းသားများ၊ တဲမ အလယ်တန်းမှ ကျောင်းသားများ၊ ကုလားတဲ အလယ်တန်းမှကျောင်းသားများနှင့် ကံသာယာအလယ်တန်းကျောင်းမှ ကျောင်းသားများ ပျော်ပျော်ရွင်ရွင် ပါဝင်ယှည်ပြိုင်ကစားခဲ့ကြပြီး၊ ကျောင်းအသီးသီးမှ ဆရာ၊ဆရာမများနှင့် ကျောင်းသားကျောင်းသူများကလည်း လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

P.W.A(ပြန်/ဆက်)