သတင်းများ

ရေဇွာမြို့တွင် အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန် ကာကွယ်ဆေး ထိုးနှံ တိုက်ကျွေးခြင်း လုပ်ငန်းဆောင်ရွက်
Sep 15,2020
ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ မတူပီမြို့နယ်၊ ရေဇွာမြို့တွင် အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများကို ကျေးလက် ကျန်းမာရေးဌာန ဆေးခန်းတွင် ယနေ့နံနက် ၁၀ နာရီအချိန်က စတင်ဆောင်ရွက် ခဲ့​ကြသည်။
စလင်းမြို့နှင့် ဆင်ဖြူကျွန်းမြို့တို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံမှုမရှိစေရေး မြို့အဝင်အထွက်များတွင် စစ်ဆေးရေးဂိတ်များစတင်ဖွင့်လှစ်ဆောင်ရွက်
Sep 15,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နှင့် ဆင်ဖြူကျွန်းမြို့များတွင် ကိုဗစ်-၁၉ရောဂါကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် စက်တင်္ဘာလ ၁၅ ရက်နေ့နံနက်(၀၇၀၀)နာရီ အချိန်မှစတင်၍ မြို့အတွင်းအပြင်သို့ ဝင်ထွက်သွားလာ သူများအား
မိုင်းပန်မြို့တွင် ရှမ်းပြည်နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဖြန့်ဝေသည့် Hand Held Mega Phone များ ထပ်ဆင့်ပေးအပ်
Sep 15,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ နမ့်ပန်ခန်းမ အတွင်းတွင် ယမန်နေ့ နေ့လယ် (၃)နာရီခွဲ အချိန်က ရှမ်းပြည်နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဖြန့်ဝေသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ပစ္စည်းအတွက် Hand Held Mega Phone များကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများမှ ရပ်ကွက်နှင့် ကျေးရွာအုပ်စု စာရေးဝန်ထမ်း (၁၄) ဦးထံသို့ ထပ်ဆင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ရွှေတောင်မြိုနယ်တွင် အစားအသောက် ရောင်းချသည့်ဆိုင်များ ပါဆယ်စနစ်ဖြင့် ရောင်းချမှု ရှိ/မရှိ လိုက်လံစစ်ဆေး
Sep 15,2020
ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု လျော့နည်းပပျောက်ရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ရွှေတောင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ရွှေတောင်မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ၊ အရက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များတွင် လူစုလူဝေးများ မဖြစ်ပေါ်စေရေး အတွက် အစားအသောက်ရောင်းချသည့် ဆိုင်များ အားလုံး ဆိုင်ထိုင်ရောင်းချခြင်းအား ယာယီ ပိတ်သိမ်းပြီး ပါဆယ်စနစ်ဖြင့်သာ ရောင်းချရေး ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး Mask နှင့် Face Shield များ ဈေးနှုန်းချိုသာစွာ ရောင်းချပေး
Sep 15,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်နိုင်ရေး၊ ကူးစက်ပျံ့နှံ့မှု မရှိစေရေးနှင့် ကာကွယ်ရေးသုံး အထောက်အကူပြု ပစ္စည်းများအား ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်စေရန် ရည်ရွယ်၍ ဒေးဒရဲမြို့အတွင်း လူစည်ကားရာနေရာများတွင် Mask နှင့် Face Shield များအား ဈေးနှုန်းချိုသာစွာဖြင့် ယနေ့နံနက် ၉ နာရီမှ စတင်၍ ပဲ့တင်သံ ပရဟိတအသင်း (ဖျာပုံမြို့)က လာရောက်ရောင်းချ ပေးလျက်ရှိကြောင်း သိရသည်။
သဲကုန်းမြို့၌ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွားသင်တန်း ဖွင့်လှစ်
Sep 15,2020
ပဲခူးတိုင်းဓဒသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့၌ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွားသင်တန်း ဖွင့်လှစ်ပို့ချခြင်းကို ယမန်နေ့နံနက်(၉)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
မြောင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု (CERP) အစီအစဉ်ဖြင့် မိုးစပါးမျိုးစေ့ထုတ် တောင်သူ များအား ဒုတိယအကြိမ် ငွေကြေး ထောက်ပံ့
Sep 15,2020
စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ (၂၀၁၉-၂၀၂၀) ဘဏ္ဍာနှစ် မိုးစပါး မျိုးစေ့ထုတ် တောင်သူများအား (CERP) အစီစဉ်ဖြင့် ဒုတိယအကြိမ် ငွေကြေးထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက် (၁၀) နာရီက ထီးလှိုင်ရှင်ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
နွားထိုးကြီးမြို့နယ်တွင်လာမည့်ရွေးကောက်ပွဲအတွက်အထူးရဲ ၂၂၀ ဦးအသုံးပြုမည်
Sep 15,2020
၂၀၂၀ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ရွေးကောက်ပွဲကာလတွင် မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့၌ လုံခြုံရေးအထူးရဲအင်အား ၂၂၀ ဦး အသုံးပြု သွားမည်ဖြစ်ကြောင်း မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။