နောင်ချို ဩဂုတ် ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် (ပြည်ထောင်စု/ပြည်နယ်) ဘဏ္ဍာရန်ပုံငွေဖြင့် ရင်းနှီးမြှုပ်နှံမှု ရည်မှန်းရန် အဆိုပြုချက်များရေးဆွဲညှိနှိုင်း အစည်းဝေးကို ယမန်နေ့ နံနက် ၁၀:၃၀အချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံကိန်းရေးဆွဲအကောင်ထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစည်သူလင်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ၎င်းနောက် မြို့နယ်စီမံကိန်းရေးဆွဲ အကောင်ထည်ဖော်ရေးကော်မတီ အတွင်းရေးမှူး ဒေါ်ကေသီသိန်းက ကျေးရွာအုပ်စုများအနေဖြင့် မိမိတို့တင်ပြမည့် လိုအပ်ချက်များအား ဌာနဆိုင်ရာများနှင့် ညှိနှိုင်းရေးဆွဲကြရန်လိုအပ်ကြောင်း၊ ဌာနဆိုင်ရာများမှ တင်ပြရာတွင်မိမိတို့အထက်ဌာနသို့ တင်ပြခဲ့သည့်အတိုင်း စီမံကိန်းရေးဆွဲရေး ကော်မတီသို့ တင်ပြရန်လိုအပ်ကြောင်းနှင့် ဖြည့်စွက်ရမည့် စီမံကိန်းဇယားများ ဖြည့်စွက်ရမည့် ပုံစံများကို ရှင်းလင်း ဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး ဌာနဆိုင်ရာများမှ တွက်ချက်ရမည့် လုပ်ငန်းစီမံကိန်းများကို အချိန်မီတွက်ချက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့်မိမိတို့ကျေးရွာ လိုအပ်ချက်များအား အမြန်ဆုံး တင်ပြကြစေလိုကြောင်း ပေါင်းစပ်ဆွေးနွေးခဲ့သည်။
ညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်းသိရသည်။
ထွေးငယ်(နောင်ချို၊ပြန်/ဆက်)