သတင်းများ

သံဖြူဇရပ်မြို့နယ် အောင်သာယာရပ်ကွက်ရှိ ဘိုးဘွားရိပ်သာ၌ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း
Aug 08,2023
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၊ အောင်သာယာရပ်ကွက်ရှိ ဘိုးဘွားရိပ်သာ၌ ဘိုး/ဘွားများမှ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်သည်။
ညောင်ရွှေမြို့နယ် မိုင်းသောက်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ နယ်လှည့်ကွင်းဆင်းခြင်းလုပ်ငန်း ဆောင်ရွက်
Aug 08,2023
ကျောင်းသားလူငယ်များ အသိပညာဗဟုသုတတိုးပွားလာစေရန် စာဖတ်ခြင်းအလေ့အထ ကောင်းများရရှိစေရန်နှင့် အားလပ်ချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန် ရည်ရွယ်၍ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညောင်ရွှေမြို့နယ်ရုံးသည် နယ်လှည့်စာကြည့်တိုက်များ ဖွင့်လှစ်ခြင်း၊ ဟောပြောပွဲများဆောင်ရွက်ခြင်း၊ ဓာတ်ပုံပြပွဲနှင့် နံရံကပ်စာစောင်များ ပြသခြင်းလုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ညောင်ရွှေမြို့နယ်၊ မိုင်းသောက်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်အသိပညာပေးဟောပြောပွဲနှင့် လူငယ်ဆိုင်ရာအသိပ ညာပေးပြပွဲ၊ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ခြင်းကို ဆောင်ရွက်ခဲ့သည်။
ဇမ္ဗူသီရိမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ
Aug 08,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းက ရှားတောကျေးရွာ၊ အမှတ်(၇၃)အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပခဲ့သည်။
ပျဉ်းမနားမြို့နယ်၌ အိမ်ခြံဥယျာဉ်စိုက်ပျိုးခြင်းအတွက် မျိုးစေ့နှင့် ပံ့ပိုးပစ္စည်းများ ပေးအပ်ခြင်း အခမ်းအနားကျင်းပ
Aug 08,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ပုရွက်ဆိတ်ကုန်း စိုက်ပျိုးစီးပွား အသိပညာပေးစင်တာ၌ အိမ်ခြံဥယျာဉ်စိုက်ပျိုးခြင်းအတွက် မျိုးစေ့နှင့်ပံ့ပိုးပစ္စည်းများ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နေလယ်ပိုင်းက ကျင်းပခဲ့သည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး၊ စိုက်ဧကတိုးချဲ့စိုက်ပျိုးရေး၊ သီးထပ်တိုးချဲ့စိုက်ပျိုးရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
Aug 08,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း  နိုင်ငံ့စီးပွားမြှင့်တင်ရေး၊ စိုက်ဧကတိုးချဲ့ စိုက်ပျိုးရေး၊ သီးထပ်တိုးချဲ့စိုက်ပျိုးရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းရှင်များ၊ မျိုးစေ့ထုတ် လုပ်ငန်းရှင်များနှင့် သဘာဝဓာတ်မြေဩဇာ ထုတ်လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
မှော်ဘီမြို့နယ်၌ အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြပွဲ ကျင်းပ
Aug 08,2023
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြပွဲအ ခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီခွဲက အခြေခံပညာအထက်တန်းကျောင်း(မြောင်းတကာ)ခန်းမ၌ ကျင်းပသည်။
မိုးကောင်းမြို့၌ အသက်(၅)နှစ်အောက် ကလေးငယ်များအား မျက်စိအားဆေးနှင့် သံချဆေးတိုက်ကျွေး
Aug 08,2023
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနက အသက်(၅)နှစ်အောက် (၆ လမှ ၄ နှစ် ၁၁ လ ၂၉ ရက်ထိ) ကလေးငယ်များအား မျက်စိအားဆေး ဗီတာမင်အေဆေးလုံးနှင့် သံချဆေးကို ဩဂုတ်(၆)ရက်နံနက်(၉)နာရီတွင် အဆိုပါဌာန၌ တိုက်ကျွေးခဲ့ကြောင်း သိရသည်။
၂၀၂၃ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ်အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ
Aug 08,2023
၂၀၂၃ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့ပြည်နယ်အားကစားခန်းမ၌ ကျင်းပရာ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ တက်ရောက်ခဲ့သည်။