ဘူးသီးတောင် သြဂုတ် ၈
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်း မိုးအဆက်မပြတ်သည်းထန်စွာရွာသွန်းမှုကြောင့် ယနေ့ညနေပိုင်းက ဘူးသီးတောင်-မောင်တောသွားရာကားလမ်း မိုင်တိုင်အမှတ် ၃၅/ ၃၆ ကြားတွင် တောင်မြေပြိုကျသဖြင့် ကားလမ်းတစ်ခြမ်းပိတ်လျက်ရှိကြောင်း သိရသည်။
အဆိုပါတောင်မြေပြိုကျသည့်နေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဇော်ဝင်းနှင့်အဖွဲ့ဝင်များ သွားရောက်ကြည့်ရှုခဲ့ပြီး ခရီးသွားပြည်သူများ အဆင်ပြေချောမောစွာ သွားလာနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ကြစေလိုကြောင်းကို တာဝန်ရှိသူများအား လမ်းညွန်မှာကြားကာ လမ်းဦးစီးဌာနမှာတာဝန်ရှိသူများက Back Hole တစ်စီးဖြင့် တောင်မြေပြိုဆင်းမှုအား အမြန်ဆုံးဖယ်ရှားလျက်ရှိကြောင်း သိရသည်။
အဆိုပါတောင်မြေပြိုဆင်းမှုကြောင့် လူတိရိစ္ဆာန်ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းနှင့် ဘူးသီးတောင်မြို့မှမောင်တောမြို့မိုင်အကွာအဝေးမှာ ၁၆ မိုင် အကွာအဝေးရှိပြီး ခရီးသွားပြည်သူများလမ်းဖြောင့်ဖြူးစွာသွားလာနိုင်ရေးအတွက် လမ်းဦးစီးဌာနမှတာဝန်ရှိသူများကတောင်မြေပြိုကျမှုအား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လှကျော်( ပြန်/ဆက်)