နမ္မတူမြို့နယ်တွင် မိုးစပါးပန်းတိုင် အထွက်နှုန်းရရှိ‌ရေးအတွက် တောင်သူလယ်သမားများအား ဓာတ်မြေဩဇာ ထောက်ပံ့ပေးအပ်

နမ္မတူ ဩဂုတ် ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်စိုက်ပျိုး‌ရေးဦးစီးဌာနမှ မျိုးကောင်းမျိုးသန့်များ ပြောင်းလဲစိုက်ပျိုး၍ သီးနှံများ၏ တစ်ဧကအထွက်နှုန်း တိုးတက်ကောင်းမွန်‌ရေး၊ တောင်သူများဝင်ငွေတိုးတက်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်စေရေး၊ နိုင်ငံတော်၏လယ်ယာကဏ္ဍတိုးတက်လာစေရေး၊ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့သည့် ဓာတ်မြေဩဇာပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီခွဲအချိန်က အဆိုပါရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမင်းထွန်းက အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုး‌ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခင်မောင်ဌေးက တောင်သူလယ်သမားများအား ဓာတ်မြေဩဇာထောက်ပံ့ပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက နမ္မတူမြို့နယ် မန်ဆာလုံ၊ နမ့်တောင်ကုန်း၊ ခိုဖိတ်၊ ပန်ချင်၊ မန်စံ၊ မိုင်မု၊ မိုင်းရင် ကျေးရွာအုပ်စုများရှိ တောင်သူ ၂၆ ဦး၊ စိုက်ဧက ၆၂ ဧကအတွက် တစ်ဧကလျှင် ဓာတ်မြေဩဇာတစ်အိတ်နှုန်းဖြင့် စုစုပေါင်းဓာတ်မြေဩဇာ ၆၂ အိတ်အား တောင်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုး‌ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခင်မောင်ဌေးထံက သိရသည်။

လူမော် (ပြန်/ဆက်)