မှော်ဘီမြို့နယ်၌ ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းအစီအစဥ်ဖြင့် အခြေခံစက်ချုပ်သင်တန်းဖွင့်လှစ်

မှော်ဘီ ဩဂုတ် ၈


ရန်ကုန်မြောက်ပိုင်းခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားထုတ်ကုန်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းကို မှော်ဘီမြို့နယ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ယမန်နေ့နံနက်ပိုင်းက အမောက်ဝဲစံပြကျေးရွာတွင် စီမံကိန်းအစီအစဉ်ဖြင့် အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်နွယ်နီက အမောက်ဝဲစံပြကျေးရွာတွင် ခေတ်မီစံပြကျေးရွာဖော်ဆောင်၍ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးရေးစီမံကိန်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များ၊ စီမံကိန်း၏အကျိုးကျေးဇူးများ၊ လုပ်ငန်းထူထောင်နိုင်ရန် လိုအပ်သောစက်ပစ္စည်းများနှင့် ကုန်ကြမ်းများထောက်ပံ့ပေးမည့်အစီအစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ရန်ကုန်မြောက်ပိုင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူးဦးရဲဇော်ထွန်းက သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးကိုသင်တန်းသုံးပစ္စည်းများနှင့် သင်ထောက်ကူပစ္စည်းများပေးအပ်သည်။

အဆိုပါ အခြေခံစက်ချုပ်သင်တန်းကို ()လကြာ စာတွေ့(၃၀)ရာခိုင်နှုန်းနှင့် လက်တွေ့(၇၀) ရာခိုင်နှုန်းသင်ကြားပို့ချပေးသွားမည်ဖြစ်သလို သင်တန်းသို့လည်း သင်တန်းသူ(၁၅)ဦးတို့တက်ရောက်ခဲ့ကြပြီး သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ရပ်မိ/ရပ်ဖများနှင့် သင်တန်းသူများတက်ရောက်ခဲ့ကြကြောင်းလည်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)