မော်လမြိုင်ကျွန်း၊ ဩဂုတ် ၈
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ အမှတ် (၆) ရပ်ကွက်၊ ဗိုလ်တဲသဲလမ်းတွင် ဩဂုတ်လ ၇ ရက် နံနက် (၉) နာရီ မိနစ် (၃၀) ခန့်က အိမ်ပိုင်ရှင် ဦးလှိုင်မြင့်ကို (ဘ) ဦမြလှိုင် (၁၄/ မမက(နိုင်) ၀၀၂၅၁၉ ဗမာ/ဗုဒ္ဓ၏နေအိမ်တွင် ခြင်ဆေးခွေထွန်းထားခဲ့ရာမှ အနီးရှိမွေ့ယာနှင့် စောင်များသို့ မီးကူးစက် လောင်းကျွမ်းရာမှ တဆင့် အလျား (၆၀)ပေ ၊ အနံ (၂၀)ပေ၊ သွပ်မိုး၊ ပျဥ်းကာ၊ ပျဥ်းခင်း (၂) ထပ် နေအိမ်၏ မီးလောင်ကျွမ်းခဲ့ကာ ဆုံးရှုံးမှုတန်ဖိုး ငွေကျပ် (၄၅၀၀၀၀) လေးသိန်းငါးသောင်းခန့် ဆုံးရှုံးခဲ့ကြောင်းသိရသည်။
အဆိုပါမီးလောင်ရာသို့မော်လမြိုင်ကျွန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိုးဇော်ဦးဆောင်သည့် မီးသတ်သန္ဓေ (၂၂)ဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင် (၅၀) ဦးနှင့် ရပ်ကွက်နေပြည်သူများမှ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ နံနက်(၉)နာရီ မိနစ် (၄၀) ခန့်တွင်မီးညွန့်ကျိုးသွားခဲ့ပြီး (၉)နာရီ မိနစ် (၄၅) တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်းနှင့် မီးပေါ့ဆမှုကြောင့် ဦးလှိုင်မြင့်ကို (ဘ) ဦမြင်လှိုင်အား မြို့နယ်ရဲစခန်းမှ (ပ) ၁၁၄/၂၀၂၃၊ ရာဇသတ်ကြီးပုဒ်မ (၂၈၅)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း၊ မီးလောင်မှုကြောင့် လူနှင့် တိရစ္ဆာန်ထိခိုက်သေဆုံးမှုမရှိပါကြောင်း မြို့နယ်မီးသတ်ဦးစီးမှူးထံမှ သိရသည်။
ရဲကိုမောင် (ပြန်/ဆက်)