မော်လမြိုင်ကျွန်း ဩဂုတ် ၈
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ မရဲ့အုန်းပင်စုကျေးရွာ တောင်သူဦးတင်အောင်သန်း၏ မြေနေရာ၌ မိုးစပါးဧက(၁၀၀)၊ တင်း (၁၀၀) နှင့် မျိုးသန့်မျိုးထုတ် စိုက်ခင်းများအတွက် ဓာတ်မြေသြဇာပက်ကြဲခြင်းနှင့် ဓာတ်မြေဩဇာပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီကကျင်းပ ဆောင်ရွက်ခဲ့သည်။
အဆိုပါအခမ်းအနားအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးညွှန့်က အဖွင့်မှာစကားပြောကြားခဲ့ပြီး ဦးပိုင်အမှတ် (၁၁/၁)၊ ကွင်းအမှတ် ၁၁၈၅၊ တောင်သူ ဦးတင်အောင်သန်း၏ လယ်မြေ(၃)ဧက၌ စိုက်ပျိုးရေးဦးစီးဌာန၏ စိုက်ပျိုးနည်းပညာအကူအညီဖြင့် ဘောင်ပျိုးစနစ် ပျိုးထောင်စိုက်ပျိုးထားသည့်ရက် (၉၀)မျိုး မျိုးစေ့ထုတ်စံပြမိုးစပါးစိုက်ခင်းအား စပါးခွံဗိုကာရှီ မြေဆွေးနှင့်ယူရီယာမြေဩဇာပေါင်းစပ်၍ ပက်ကြဲခြင်း၊ မျိုးကောင်းမျိုးသန့်များ အထွက်နှုန်းကောင်းမွန်စွာ ထွက်ရှိနိုင်ရေးဆောင်ရွက်ကြစေလိုကြောင်းနှင့် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌဦးဇော်မျိုးညွှန့်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌဦးသီဟဇော်၊ လယ်ယာမြေသီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်မျိုးချစ်နှင့် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက တက်ရောက်လာကြသော တောင်သူများအား ဓာတ်မြေဩဇာများ လက်ဝယ်အရောက်ပေး အပ်ခဲ့ကြောင်းသိရသည်။
ရဲကိုမောင် (ပြန်/ဆက်)