ကျိုက်လတ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံ

ကျိုက်လတ် သြဂုတ် ၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ နတ်စဉ်ဝကျေးရွာအုပ်စု၊ နတ်စဉ်ဝရွာမ ဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့နံနက် (၁၀) နာရီခွဲခန့်က လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေးနှင့်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သောစစ်ကြောင်းကြီး(၅)ကြောင်းနှင့် နတ်စဉ်ဝ၊ နတ်စဉ်ကျောင်းစု၊ ကြံခင်းစု၊ ကြံခင်းပန်းဘဲစုနှင့် ထိန်ကျွန်းကျေးရွာအုပ်စုများတွင်နေထိုင်သော ဒေသခံပြည်သူများတွေ့ဆုံဆွေးနွေးပွဲကျင်းပခဲ့သည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးရဲမင်း၊ အဖွဲ့ဝင်(၂)ဦးစိန်မြင့်၊ အတွင်းရေးမှူးရဲမှူးထွန်းဦးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများက တရားဥပဒေစိုးမိုးရေး၊ မြန်မာနိုင်ငံသမိုင်းကြောင်းအား မှန်ကန်စွာလေ့လာစေရေး၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းတက်ရောက်ရေး၊ အလယ်တန်း၊ အထက်တန်းသင်ယူပြီးမြောက်ရေး၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ လူကုန်ကူးမှုပပျောက်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ စာသင်ကျောင်းများ မီးဘေးအန္တရာယ်လုံခြုံရေး၊ မြေပြင်လူဦးရေစာရင်း ကွင်းဆင်းကောက်ယူရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်း ၆၆/၆ ပြုလုပ်နိုင်ရေး၊ ကတ်ပြား(၅)မျိုးအကြောင်း ရှင်းလင်းပြောကြားခြင်း၊ မြန်မာနိုင်ငံသားဖြစ်လျှင် ကတ်ပြား (၁)မျိုးကိုင်ဆောင်ရမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုလျော့နည်းစေရေးအတွက် ကြိုတင်ကာကွယ်နိုင်ရေး၊ သွေးလွန်တုတ်ကွေးရောဂါအကြောင်း ရှင်းလင်းပြောကြားခြင်း၊ ခြင်ပေါက်ပွားသည့်နေရာများအား ရှင်းလင်းစေရေး၊ ကျေးရွာအုပ်စုပြည်သူ့လုံခြုံရေး ကြီးကြပ်အဖွဲ့ပူးပေါင်း၍ လုံခြုံရေး ကိစ္စရပ်များဆောင်ရွက်နိုင်ရေး၊ ယာဥ်အန္တရာယ် ကင်းရှင်းရေး၊ မော်တော်ဆိုင်ကယ်စီးနင်းပါက ဆိုင်ကယ်စီးဦးထုပ်ဆောင်းရေး၊ သတ်မှတ်မိုင်နှုန်းအတိုင်းမောင်းနှင်ရေး၊ လမ်းပေါ်စပါးမလှန်းရေး၊ အလှူခံများလမ်းနှင့် လွတ်အောင်ယာဥ်အန္တရာယ်မဖြစ်စေဘဲ အလှူခံရေး၊ ဆောင်းသီးနှံနေကြာပြည့်မီစွာစိုက်ပျိုးရေး၊ စနေနေ့တိုင်း ကျေးရွာစုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရန်၊ မီးဘေးအန္တရာယ်ကာကွယ် ဆောင်ရွက်ရန်၊ ထင်း၊ မီးသွေး တရားလွန်ထုတ်ယူသုံးစွဲမှုမရှိစေရေး၊ ထင်းမီးသွေးအစားထိုး စပါးခွံလောင်စာတောင့် စက်ရုံတည်ဆောက်သုံးစွဲရေး၊နိုင်ငံ့စီးပွားမြင့်တင်ရေးရန်ပုံငွေဖြင့်သွင်းအားစုထုတ်ယူရေးနွေစပါးအကြောင်းရှင်းလင်းခြင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းကိစ္စရပ်များ ရှင်းလင်းဆွေးနွေးကြပြီး ဒေသခံပြည်သူများသိလိုသည်များမေးမြန်းခဲ့ရာ သက်ဆိုင်ရာဌာနများမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ရီရီမြင့်

ကျိုက်လတ်(ပြန်/ဆက်)