နမ္မတူမြို့နယ် ဝင်းမြင့်မိုရ် စက်မှုကုမ္ပဏီရှိ ပြည်သူ ၈၃ ဦးတို့၏ ဇီဝဆိုင်ရာအချက်အလက်များကောက်ယူ၍ Unique ID နံပါတ်စာရွက်များ ထုတ်ပေး

နမ္မတူ ဩဂုတ် ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန နမ္မတူမြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံသားတစ်ဦးချင်းစီ၏ ဇီဝဆိုင်ရာအချက်အလက်များကောက်ယူခြင်းကို ယမန်နေ့က ဝင်းမြင့်မိုရ်စက်မှုကုမ္ပဏီ၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဝင်းမင်းထွန်းနှင့် အတွင်းရေးမှူးများ၊ အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန နမ္မတူမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးဦးမောင်းမာန်နှင့်ဝန်ထမ်းများက ဩဂုတ်လ(၇)ရက်နေ့တွင် သ.တ.လ(၄)ရပ်ကွက်ရှိ ဝင်းမြင့်မိုရ်ကုမ္ပဏီသို့ကွင်းဆင်း၍ ပြည်သူ ၈၃ ဦးတို့အား ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူ၍ တစ်ဦးချင်းစီအား QR Code ပါပြီး ဂဏန်း ၁၀ လုံးပါသည့် Unique ID နံပါတ်စာရွက်များ ထုတ်ပေးခဲ့သည်။

နမ္မတူမြို့နယ်တွင် ဇူလိုင်လ(၃)ရက်နေ့မှ ယနေ့အထိ ဌာနဆိုင်ရာဝန်ထမ်းများနှင့်မိသားစုဝင်များ စုစုပေါင်း ၇၃၄ ဦး၊ ကျောင်းသားကျောင်းသူ ၂၄၉ ဦးနှင့် စက်ရုံအလုပ်ရုံတို့ရှိ ပြည်သူ ၄၉၉ ဦး၊ စုစုပေါင်းပြည်သူ ၁၄၈၂ ဦးတို့အား ဇီဝဆိုင်ရာအချက်အလက်များကောက်ယူ၍ တစ်ဦးချင်းစီ၏ Unique ID နံပါတ် စာရွက်များ ထုတ်ပေးပြီးဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန နမ္မတူမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးမောင်းမာန်ထံက သိရသည်။

လူမော် (ပြန်/ဆက်)