သတင်းများ

လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်
Aug 18,2023
ကရင်ပြည်နယ် လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာတိုးပွားစေရေးအတွက် စဉ်ဆက်မပြတ် စာအုပ်/စာစောင် များကို အခမဲ့ငှါးရမ်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီခွဲအချိန်က လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ပေးပြီး စာအုပ် စာစောင်များကို အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးခွန်ရဲထွေး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ချေးငွေထုတ်ချေးပေးခြင်းအခမ်းအနားသို့တက်ရောက်
Aug 18,2023
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ချေးငွေထုတ်ချေးပေးခြင်းအခမ်းအနားကို ဩဂုတ်လ ၁၇ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး
Aug 18,2023
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ပြည်သူများ စက်သုံးဆီဝယ်ယူရာတွင် သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူနိုင်စေရန်ရည်ရွယ်၍ စက်သုံးဆီရောင်းချသော ဆီဆိုင်များအား စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက သတ်မှတ်ထားသော ရည်ညွှန်းဈေးများအတိုင်း ရောင်းချခြင်း ရှိ/ မရှိကို ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့သည်။
ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပန်းချီပြိုင်ပွဲနှင့် ပုံပြောပြိုင်ပွဲ၊ အသိပညာပေးဟောပြောပွဲကျင်းပ
Aug 18,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်ယနေ့နံနက်ပိုင်းကပန်းချီပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲနှင့် အသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့သည်။
တောင်တွင်းကြီးမြို့နယ်တွင် အများပြည်သူသိရှိလိုက်နာရေး အခွန်ပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပ
Aug 18,2023
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် အခွန်းဦးစီးဌာနရုံးတွင် ပြေစာများအပေါ်တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်၍ ရောင်းချခြင်း/ဝန်ဆောင်မှုဆောင်ရွက်ပေးခြင်းဖြင့် ရသင့်ရထိုက်သော အခွန်ငွေများ လွတ်ကင်းမှုမရှိစေဘဲ နိုင်ငံတော်အစိုးရ၏ ဘဏ္ဍာငွေသို့ ပွင်းလင်းမြင်သာစွာ ရောက်ရှိနိုင်သည်ကို သိရှိနိုင်စေရန်ရည်ရွယ်၍ အများပြည်သူသိရှိလိုက်နာရေး အခွန်ပညာပေး ဟောပြောဆွေးနွေးပွဲကို ဩဂုတ်လ ၁၆ ရက်နေ့နှင့် ၁၇ ရက်နေ့များတွင် ဆောင်ရွက်ခဲ့သည်။
တမူးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာပေချစ်မြတ်နိုးသူများမှ စာဖတ်ဝိုင်းပြုလုပ်
Aug 18,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ သြဂုတ်လ (၁၆) ရက်နေ့ နေ့လယ် (၁)နာရီအချိန်က စာပေချစ်မြတ်နိုးသူများမှ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
၂၀၂၃ ခုနှစ်၊ ပြည်နယ်အဆင့် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားသို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်
Aug 18,2023
၂၀၂၃ ခုနှစ်၊ ပြည်နယ်အဆင့် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားကို သြဂုတ်လ ၁၇ ရက် နံနက် ၁၀ နာရီက ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်ဦးဆွန်ဒုတ်ကျင့်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
မြိတ်မြို့တွင် စက်လှေကိုင်တွယ် မောင်းနှင်ထိန်းသိမ်းမှု(မွမ်းမံ)သင်တန်း ဆင်းပွဲကျင်းပ   
Aug 18,2023
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် မီးသတ်တပ်ဖွဲ့၏ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများတွင် စက်လှေမောင်းအဖြစ် တာဝန်ထမ်းဆောင်နေကြသည့် တပ်ဖွဲ့ဝင်များအား စက်လှေမောင်းနှင် ပိုမိုကျွမ်းကျင်စေရန်နှင့် ပြည်သူလူထုအား ထိရောက်စွာကူညီပေးနိုင်ရန်အတွက် ဖွင့်လှစ်လျက်ရှိသော စက်လှေကိုင်တွယ် မောင်းနှင်ထိန်းသိမ်းမှု(မွမ်းမံ) သင်တန်းကို ယနေ့ နံနက်(၈)နာရီက မြိတ်ခရိုင်မီးသတ်ဦးစီးဌာန ခန်းမတွင် သင်တန်းဆင်းပွဲ ကျင်းပခဲ့သည်။