လဲချားမြို့၌ Mask Campaign ဆောင်ရွက်
Aug 18,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေး Mask Campaign ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၈)နာရီက လဲချားမြို့၊ မြို့မစည်ပင်သာယာစျေးလမ်းဆုံနှင့် လူစည်ကားရာလမ်းတစ်လျှောက်တွင် အသိပညာပေး ဆောင်ရွက်ခဲ့သည်။