သတင်းများ

ဆီဆိုင်မြို့၌ ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များအား ကျန်းမာရေးအသိပညာပေးဟောပြော
Aug 18,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်အဖြစ် ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များအား ကျန်းမာရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ပြုလုပ်သည်။
မိုးမိတ်မြို့တွင် ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးအမေများအား အစာအာဟာရနှင့်ပတ်သက်၍ အသိပညာပေး ဟောပြော
Aug 18,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်တွင် ခရိုင်မိခင်နှင့်ကလေးစောင့်‌ရှောက်ရေးအသင်းမှ ကိုယ်ဝန်ဆောင်မိခင်နှင့်ကလေးအမေများအား အာဟာရဓာတ် လျော့နည်းမှုမရှိစေရန်အတွက် အစာ၊ အစားနှင့်အသိပညာပေးခြင်းများကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရေတာရှည်မြို့နယ်၌ တန်ဖိုးသင့်ကောက်စိုက်စက်(လက်ဆွဲ)ဖြင့် စပါးစိုက်ပျိုးမှုရှင်းလင်းခြင်း အခမ်းအနား ကျင်းပ
Aug 18,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်း၍ တန်ဖိုးသင့်ကောက်စိုက်စက် (လက်ဆွဲ)ဖြင့် စပါးစိုက်ပျိုးမှု ရှင်းလင်းခြင်းအခမ်းအနားကို မြို့နယ်ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ကျိုင်းတုံတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ
Aug 18,2023
၂၀၂၂-၂၀၂၃ ပညာသင်နှစ်နှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျိုင်းတုံတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသားဘောလုံးအားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့် ပွဲကို ယမန်နေ့ညနေ၃နာရီက ကျိုင်းတုံခရိုင် အားကစားကွင်း၌ ကျင်းပသည်။
အမ်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ပုံပြင်ပြောပြခြင်းနှင့် မှတ်ဉာဏ်စွမ်းရည်ပြိုင်ပွဲကျင်းပ
Aug 18,2023
ကျောင်းသား/ကျောင်းသူများ အသိပညာ ဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး ပုံပြင်ပြောပြခြင်းကို ယနေ့နံနက် ၁၀ နာရီက အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပလောက်မြို့၊မူလွန်ကျောင်း၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲဆောင်ရွက်
Aug 18,2023
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ မူလွန်ကျောင်း၌ ကျောင်းသား/ကျောင်းသူ လူငယ်များအ‌နေဖြင့် စိတ်ဓာတ်ရေးရာတိုးတက်ကောင်းမွန်‌စေရန်၊ အသိပညာဗဟုသုတများတိုးပွား စေရန်၊ အကျင့်စာရိတ္တ ကောင်းမွန်စေရေး၊ မျိုးချစ် စိတ်ဓါတ်ရှင်သန်ထက်မြက်စေရန်နှင့် ကျောင်းစာအပြင် ပြင်ပစာပေ ဗဟုသုတများ ကြွယ်ဝစေရန် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလဟူသောဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ ပူးပေါင်းကာ ယနေ့နံနက်(၉)နာရီခွဲက လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ‌ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မိုင်းယုမြို့၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သည့် ပုလဲဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်
Aug 18,2023
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့ စိုက်ပျိုးရေးဦးစီးဌာနက ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သည့် ဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၏ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
ခန္တီးမြို့၌ စိတ်ကြိုက်ကဗျာရေးစပ်၊ ပုံတူပန်းချီဆွဲပြိုင်ပွဲပြုလုပ်
Aug 18,2023
ပြည်သူကိုဗဟိုပြု ပြည်သူ့ဝန်ဆောင်မှု အများပြည်သူ အသိပညာပြန့်ပွားရေးအတွက် အသိပညာပေးလုပ်ငန်းများ၊ ဟောပြောပွဲများ၊ ပြပွဲ/ပြိုင်ပွဲများ၊ Talk Show များကို ပြုလုပ်ဆောင်ရွက်ပေး လျက်ရှိရာ ယနေ့ဩဂုတ်လ(၁၇)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ခန္တီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် လူငယ်များ ကာယ၊ ဉာဏဖွံ့ဖြိုးတိုးတက်လာစေရန် ကိုယ်ရည်ကိုယ်သွေး မြှင့်မားလာစေရန်အတွက် စိတ်ကြိုက်ကဗျာရေးစပ်၊ ပုံတူပန်းချီဆွဲပြိုင်ပွဲ ပြုလုပ်ခဲ့ကြောင်းသိရသည်။