သတင်းများ

မုဒုံမြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ
Aug 18,2023
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက အခြေခံပညာအထက်တန်းကျောင်းခွဲ (ဗိုလ်တေဇ)၌ ကျင်းပသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနက ကယားပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော် ၊ ဆီ ၊ ဆားနှင့် ကုလားပဲများလှူဒါန်း
Aug 18,2023
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ကယားပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးအနေဖြင့် ပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီး ကျောင်းများတွင် ဆွမ်းဆန်တော် ပြည့်စုံစေရေးအတွက် ဆန်၊ ဆီ၊ ဆားနှင့်ကုလားပဲ လှူဒါန်းလျက်ရှိသည်။
သရက်ချောင်းမြို့နယ်တွင် ငှက်ဖျားရောဂါကင်းဝေးရေးဆိုင်ရာ လုပ်ငန်းများ မွမ်းမံသင်တန်း ဖွင့်လှစ်သင်ကြား
Aug 18,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ဗဟိုငှက်ဖျား ကာကွယ်တိုက်ဖျက်ရေးအဖွဲ့ လမ်းညွှန်ချက်အရ တိုင်းဒေသကြီးငှက်ဖျားရောဂါ တိုက်ဖျက်ရေးအဖွဲ့ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်း ပြည်သူ့ကျန်းမာရေးဝန်ထမ်းအား ပြည်သူများ ငှက်ဖျားရောဂါဖြစ်ပွားပါက ထိရောက်စွာကာကွယ်ကုသနိုင်ရန် ရည်ရွယ်၍ ငှက်ဖျားရောဂါ ကင်းဝေးရေးဆိုင်ရာ လုပ်ငန်းများ မွမ်းမံသင်တန်းကို ဩဂုတ်လ ၁၆ ရက်နေ့မှစ၍ ဖွင့်လှစ်လျက်ရှိရာ ယနေ့နံနက် ၉ နာရီ အချိန်တွင်လည်း သရက်ချောင်းမြို့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၌ သင်ကြားလျက်ရှိသည်။
မင်းလှမြို့တွင် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုများ ဆောင်ရွက်
Aug 18,2023
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ကျန်းမာရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုများဆောင်ရွက်ခြင်း အခမ်းအနားကို  ယမန်နေ့နံနက် ၁၀ နာရီချိန်က ပြုလုပ်ခဲ့သည်။
တာလေမြို့၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်ပြပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်ပြပွဲကျင်းပ
Aug 18,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဩဂုတ် ၁၆ ရက် နေ့လယ် ၁ နာရီက စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်ပြပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ် ငါ့သရောက်မြို့တွင် စီးပွားဖြစ်နှစ်ရှည်သီးနှံ လျှော်ဖြူစိုက်ပျိုးသူများလာ
Aug 18,2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်ငါ့သရောက်မြို့ မြို့ပေါ်နှင့်ကျေးလက်တောင်သူများ စီးပွားဖြစ်နှစ်ရှည်ပင်ဖြစ်သော လျှော်ဖြူစိုက်ပျိုးမှုများလာကြောင်း လျှော်ဖြူ ၁၀ ဧကကျော်စိုက်ပျိုးထားသည့် ငါ့သရောက်မြို့အမှတ်(၂)ထန်းငယ်တောရပ်နေ ဦးအောင်ဆန်းကပြောပြသည်။
ကမ္ဘာ့မိခင်နို့ တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် လှုပ်ရှားမှုများ အထိမ်းအမှတ် အခမ်းအနားကျင်းပ
Aug 18,2023
အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများကို ပြည်သူလူထုများ ပိုမိုစိတ်ဝင်စားပြီး ပူးပေါင်းပါဝင်ဆောင်ရွက်စေရန်နှင့် အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ ပြည်သူများ အသိပညာတိုးပွားစေရန်ရည်ရွယ်ကာ ကယားပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု  အထိမ်းအမှတ်အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က ကယားပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ကျင်းပခဲ့သည်။
ကြံခင်းမြို့ အ-မ-က (ပန်းရံစု) ကျောင်းတွင် နယ်လှည့်အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Aug 18,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ယမန်နေ့နံနက်ပိုင်းက ကြံခင်းမြို့နယ်၊ တလိုင်းကွင်းအုပ်စု အ-မ-က(ပန်းရံစု)ကျောင်းသို့ နည်လှည့်အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။