သတင်းများ

မိုးကုတ်မြို့တွင် အစိုးရပါဠိပထမပြန်စာမေးပွဲကျင်းပ
Jun 08,2021
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့တွင် ၂ဝ၂၁ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲကို ယမန်နေ့မွန်းတည့် ၁၂ နာရီအချိန်ကမဟာမြတ်မုနိဘုရားကြီးဝင်းအတွင်းရှိ အဆောင်များတွင် ကျင်းပပြုလုပ်ခဲ့သည်။
စေတုတ္တရာမြို့နယ် သံဆည်ကျေးရွာသို့ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Jun 08,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ် မရရှိသေးသည့် ဒေသခံပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား လက်ဝယ်ကိုင်ဆောင်ခွင့် ရရှိစေရန်အတွက် ယနေ့ နံနက်ပိုင်းက သံဆည်ကျေးရွာသို့ သွားရောက်ပြီး ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြိတ်မြို့ ပါရမီ(၂)ရပ်တွင် နေအိမ်တစ်လုံး မီးလောင်
Jun 08,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ အလယ်ကျွန်းရပ်ကွက်၊ ပါရမီ(၂)ရပ်၊ စိန်ချယ်လမ်းရှိ ဦးဖိုးထွေး ပိုင်ဆိုင်သော အိမ်အမှတ်(၂၀၇၁) အလျား(၂၅)ပေ၊ အနံ(၄၀)ပေ၊ သွပ်မိုး၊ အုတ်ညှပ်၊ ကွန်ကရစ်ခင်း (၂)ထပ်လူနေအိမ်၌ ဇွန်လ(၇)ရက် နေ့လယ် ၁၂ နာရီ ၃၅ မိနစ်အချိန်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး ထိခိုက် ဒဏ်ရာရ သေဆုံးမှုမရှိကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။ၐ
စေတုတ္တရာမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများနှင့် ကိုဗစ်-၁၉ အထူးချေး ငွေများ ပြန်လည်ပေးဆပ်
Jun 08,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ် အတွင်းရှိ တောင်သူများစိုက်ပျိုးရေးသွင်းအားစု ပစ္စည်းများ အချိန်မီ ဝယ်ယူဖြည့်တင်းနိုင်ရန်နှင့် စိုက်ပျိုးရေး လုပ်ငန်းများအချိန်မီဆောင်ရွက်နိုင်စေရန်အတွက် ၂၀၂၀ပြည့်နှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေ များနှင့် ကိုဗစ်-၁၉ အထူးချေးငွေများကို ၂၀၂၀ပြည့်နှစ်အတွင်းက ထုတ်ချေးပေးခဲ့ရာ ချေးငွေ များ ချေးယူထားသည့် တောင်သူများက ယနေ့နံနက်ပိုင်း၌ အဆိုပါ ချေးငွေများအား မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲ၌ လာရောက်ပေးဆပ်လျက် ရှိကြောင်း သိရသည်။
ဘုတ်ပြင်းမြို့နယ်တွင် ပူးပေါင်းအဖွဲ့များဖြင့် Mask Campaign လှုပ်ရှားမှုဆောင်ရွက်
Jun 08,2021
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ မြို့နယ်ပြည်သူများ ခရီးသွားပြည်သူများ Covid-19 ရောဂါကြိုတင်ကာကွယ်ရေးအနေဖြင့် အပြင်ထွက်တိုင်း Mask တပ်ဆင်အသုံးပြုသည့် အလေ့အထများရရှိစေရန် Mask Campaign အသိပညာပေးလှုပ်ရှားမှုကို ယနေ့နံနက်ကပူးပေါင်းအဖွဲ့များဖြင့် ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
ဘိုကလေးမြို့နယ်တွင် ပါဠိပထမပြန် စာမေးပွဲကျင်းပ
Jun 08,2021
ဗုဒ္ဓသာသနာတော်တည်တံ့ထွန်းကားပြန့်ပွားစေရေး၊ သာသနာ့အာဇာနည်များ ပေါ်ထွန်းလာပြီး သာသနာအကျိုးကိုသယ်ပိုးထမ်းရွက်နိုင်ရေးတို့ကိုရည်ရွယ်ကာ ဧရာဝတီတိုင်းဒေသကြီး ၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မြို့မဆွမ်းလောင်းဓမ္မာရုံကြီးတွင် ယမန်နေ့မွန်းတည့် (၁၂) နာရီမှစတင်ကာ ပါဠိပထမပြန်စာမေးပွဲကြီး ကျင်းပသည်။
လယ်ဝေးမြို့နယ်၌ အစိုးရပါဠိပထမပြန်စာမေးပွဲ စတင်ဖြေဆို
Jun 08,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ်တွင် သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် အစိုးရပါဠိပထမပြန် စာမေးပွဲကို ယမန်နေ့ မွန်းတည့်(၁၂)နာရီမှ စတင်ကာ လယ်ဝေးမြို့ အမှတ်(၃)ရပ်ကွက် တေဇစက္ကီကမ္မဌာန်း ကျောင်းတိုက်၌ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကျင်းပလျက်ရှိသည်။
မိတ္ထီလာမြို့တွင် အစိုးရပါဠိပထမပြန်စာမေးပွဲကျင်းပ
Jun 08,2021
မိတ္ထီလာမြို့တွင် ၂ဝ၂၁ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲကို ယမန်နေ့မွန်းတည့်၁၂ နာရီအချိန်က အထက(၁) ဒက္ခိဏအဆောင်တွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။